နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း သန့်ရှင်းသာယာလှပစေရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၂၇

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်အတွင်း လမ်းဘေး ဝဲ/ယာ သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် မြို့နယ်အလိုက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တာဝန်ရှိသူများအား လမ်းဘေး ဝဲ/ယာ သန့်ရှင်းသာယာလှပရေးနှင့် လမ်းဥပဓိရုပ်ကောင်းမွန်‌စေရန်အတွက် ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းဆောင်ရွက်ရေး၊ လမ်းဘေးရေမြောင်းများ အမှိုက်ပိတ်စို့မှုမရှိစေရေးအတွက် အမှိုက်များစနစ်တကျစွန့်ပစ်ရေး၊ ရေစီးရေလာကောင်းမွန်အောင်ဆောင်ရွက်ရေး၊ လမ်းဘေး ဝဲ/ယာ နှစ်ရှည်ပင်နှင့် ပန်းအလှပင်များစိုက်ပျိုးရေးတို့ကို မှာကြားပြီး နေပြည်တော် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် စားသုံးဆီများ ရောင်းချနေမှုများကို ကြည့်ရှုအား‌ပေးခဲ့‌ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)