ဇေယျာသီရိ စက်တင်ဘာ ၂၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းခွင်များသို့ ယနေ့နံနက်ပိုင်းက အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးဆောင်၍ ဦးစီးအရာရှိ (မြို့ပြ) မွမ်းမံသင်တန်းသား/ သူများ ကွင်းဆင်း လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းလေ့လာကြည့်ရှုရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးဇော်မိုးဦးသည် သင်တန်းသား/ သင်တန်းသူများအား ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းမဆောင်ရွက်မီ ကွင်းဆင်းတိုင်းတာပြီး လမ်းဒီဇိုင်းပုံထုတ်ခြင်းနှင့် မြေပြင်တွင်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စံချိန်စံညွှန်းနှင့်အညီ စနစ်တကျဖြစ်စေရေး လက်တွေ့သင်ကြားပို့ချခဲ့ပါကြောင်း ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ထွန်းလင်း(ဇေယျာမြေ)