တပ်ကုန်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်း ကျင်းပ

တပ်ကုန်း နိုဝင်ဘာ ၁၆

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တရုတ်ဘာသာစကားသင်တန်း (MMKM Chinese Language Center) တို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင် ကျင်းပ​သည်။

အဆိုပါလူငယ်စကားဝိုင်းတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပြီး၊ တရုတ်ဘာသာစကားသင်တန်း (MMKM Chinese Language Center) မှ တည်ထောင်သူ ဆရာဦးအောင်ပြည့်ဖြိုးနှင့် မောင်ဘုန်းသန့်ဇင်၊ မချိုဇင်သက်၊ မသန္တာဖြိုးတို့က လူငယ်နှင့်ဘာသာစကားအရေးပါမှု၊ လူငယ်နှင့်အတတ်ပညာလေ့လာဆည်းပူးရန်လိုအပ်မှု၊ လူငယ်နှင့်သင်ယူပြီးအတတ်ပညာဘယ်လိုအသုံးချမလဲ၊ လူငယ်နှင့်ကြုံတွေရမည့်အခက်အခဲဘယ်လိုကျော်ဖြတ်ရမလဲ၊ လူငယ်နှင့်ရရှိနိုင်မည့်အကျိုးကျေးဇူးများ ခေါင်းစဉ်တို့ဖြင့် ပါဝင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်သော ဦးစီးအရာရှိနှင့် ပါဝင်ဆွေးနွေးသည့်ဆရာနှင့် သင်တန်းသား၊ သင်တန်းသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီးနောက် လူငယ်စကားဝိုင်းပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်များနှင့် အသိပညာပေးနံရံကပ်စာစောင်များအား သင်တန်းသား၊ သင်တန်းသူများက လေ့လာကြည့်ရှုကြောင်း သိရသည်။

တင်စိုးလွင်