တပ်ကုန်းမြို့နယ်၌ ငလျင်ဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သည့်နွားများအစား နွားများပြန်လည် ပေးအပ်

တပ်ကုန်း နိုဝင်ဘာ ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် မန္တလေးမြေငလျင်လှုတ်ခတ်မှုကြောင့် ကြူအင်း၊ မြောက်မြိုက်(ရှ)နှင့် မြောက်မြိုက်(န)ကျေးရွာများတွင် နွားထီး တစ်ကောင်၊ နွားမ သုံးကောင် သေဆုံးမှုဖြစ်ပွားခဲ့ရာ နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာများတွင် ပျက်စီးခဲ့သည့် နွားများအစား နွားများပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအစားထိုးနွားပြန်လည်ပေးအပ်ရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဝင်းဦးက နွားများပြန်လည်တိုးပွားလာစေ ရေးနှင့်အားပေးစကားပြောကြားခဲ့ပြီးနောက်  ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာ ဇော်ဝင်းထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇေယျ၊ မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာဌေးထိုက်နှင့် တာဝန်ရှိသူများက ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့်နွားများ၏ ပိုင်ရှင်များထံ အစားထိုးနွားထီးတစ်ယောက်၊ နွားမသုံးကောင် တို့အား ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင် (ပြန်/ဆက်)