ဇေယျာသီရိ နိုဝင်ဘာ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ(MSME) ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျည်တောင်ကျေးရွာအုပ်စု၊ မွန်းတည့်ခွင်ကျေးရွာ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ဇေယျာသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေထက်အောင်က ဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ယခုလိုပြပွဲ၊ ပြိုင်ပွဲများပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာသည့်တာဝန်ရှိသူများက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ(MSME) ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ခင်းကျင်းပြသ ရောင်းချနေသည့် ထုတ်ကုန်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါပြပွဲ၊ ပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းမှ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင် ၈ ဦးမှ ကုန်ပစ္စည်းများ၊ စားသုံးကုန်နှင့် လူသုံးကုန်ပစ္စည်းများ ခင်းကျင်းရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)