တပ်ကုန်း နိုဝင်ဘာ ၁၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ် မြောက်မြိုက်ကျေးရွာ၊ လင်းရောင်ခြည် လယ်/ထွေသမဝါယမအသင်းသားများ၏ မိုးဝါ(RAKA 666) စိုက်ဧက၂၀၃ စိုက်ပျိုးဆောင်ရွက်ထားရှိမှုကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ခူးဆွတ်ပြီးသည့် မိုးဝါတစ်ဧကလျှင် ပျှမ်းမျှ ပိဿာ ၉၀၀ ကျော်ခန့်ထွက်ရှိခဲ့ရာ ကာလပေါက်ဈေးနှုန်းအတိုင်းရရှိစေရေး ကြီးကြပ်ပေါင်းစပ် ဆောင်ရွက်ပေးရန်မှာကြာခဲ့ပြီးနောက် ဗိုလ်မင်းရောင်ရပ်ကွက်၊ “လှ” ချည်မျှင်ထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်၏ ဝါကြိတ်စက်နှင့် စက်ရက်ကန်းစက်ရုံလုပ်ငန်း ဆောင်ရွက်မှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်