ဇမ္ဗူသီရိမြို့နယ်၌မဲရုံမှူး၊ဒုတိယမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များအားလုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်ပို့ချပေး

ဇမ္ဗူသီရိ   နိုဝင်ဘာ ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌  ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြို့နယ်အတွင်းတာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး နှင့်မဲရုံအဖွဲ့ဝင်များလုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်သင်တန်းသို့ သင်တန်းသား၊သင်တန်းသူ (၈၀) တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ နိုဝင်ဘာ ၂၄ ရက်မှ ၂၅ ရက်အထိ နှစ်ရက်တာ သင်ကြားပို့ချ‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 နီလာ(ပြန်/ဆက်)