ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းဖြစ်သော အမှတ်(၁) အခြေခံ ပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (ပျဉ်းမနား) တို့ လေ့လာရေးသွားရောက်

ဇမ္ဗူသီရိ   နိုဝင်ဘာ ၂၅

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများအားလုံး အလယ်တန်းအဆင့် (Grade 9) ပြီးမြောက်အောင်မြင်ပါကစိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို သင်ယူလေ့ကျင့်ခွင့် ရရှိနိုင်ရေးအတွက် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများကို တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ ခရိုင်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများကို ဖွင့်လှစ်ခဲ့ရာ တစ်နိုင်ငံလုံးတွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (၈၉)ကျောင်းဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့ဖွင့်လှစ်ခဲ့သည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (၈၉)ကျောင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (ပျဉ်းမနား)၊ အမှတ်(၂၀) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (ပုဗ္ဗသီရိ)၊ အခြေခံ ပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(ပျံချီ)နှင့် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (တပ်ကုန်း) (MRTV) စသည့် ကျောင်း (၄) ကျောင်းလည်းအပါအဝင်ဖြစ်ကြောင်းသိရသည်။

အဆိုပါအမှတ်(၁)အခြေခံ ပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၊ (ပျဉ်းမနား)နှင့် အမှတ်(၂၀)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ပုဗ္ဗ)တို့တွင် စိုက်ပျိုးရေးအတတ်ပညာ တက်ရောက်ပညာသင်ကြားနေသော Grade-12 ကျောင်းသား၊ ကျောင်းသူ (၄၉)ဦးနှင့် ကြီးကြပ်သူ ဆရာ/ဆရာမ (၁၁)ဦး စုစုပေါင်း (၆၀)ဦးတို့သည် သင်ကြားသင်ယူမှု အထောက်အကူပြုစေရန်နှင့် စာတွေ့လက်တွေ့ ချိတ်ဆက်လေ့လာ တတ်စေရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့်  နိုဝင်ဘာ ၂၂ ရက်နေ့တွင် နေပြည်တော်ရှိ ပရဆေးဥယျာဉ်၊ ဒက္ခိဏ စက်မှုလယ်ယာ၊ Nilar Frozen Foods Co., Ltd (NFF), MYANMAR AGRI FOODS CO., LTDနှင့် မာရဝိဇယဘုရားသို့ လေ့လာ‌ရေး သွားရောက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ လေ့လာရေးသွားရောက်ခြင်းဖြင့် ဆေးဖက်ဝင် အပင်များအကြောင်းကို လေ့လာနိုင်ခြင်း၊ လယ်ယာကဏ္ဍတွင် အသုံးပြုနေသော စက်ပစ္စည်းကိရိယာများ၏ အသုံးဝင်မှုကို သိရှိနိုင်ခြင်း၊ ဟင်းသီးဟင်းရွက်များကို ခေတ်မီစက်များဖြင့် ထုပ်ပိုး၍ ပြည်ပဈေးကွက်သို့ ဖြန့်ဖြူးရန် ဆောင်ရွက်မှုလုပ်ငန်းစဉ်များအား လေ့လာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိခဲ့ကြကြောင်းသိရသည်။

နီလာ(ပြန်/ဆက်)