ဒက္ခိဏသီရိမြို့နယ်၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၉)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်ဝင်းသီရိလှိုင်နှင့်တာဝန်ရှိသူများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

ဟောပြောပွဲတွင် ဒက္ခိဏသီရိမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူး ဒေါ်ဝင်းသီရိလှိုင်က ထူးချွန်ထက်မြတ်သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများပေါ်ထွန်းလာ‌စေရေး၊ အားကစားနည်းစနစ်များ၊ အားကစားနှင့်ပတ်သတ်သည့် အကျိုးကျေးဇူးများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ဉာဏ်စမ်းအမေးအဖြေကဏ္ဍတွင် ဆုရရှိသောကျောင်းသူ၊ကျောင်းသားများကို ဆုများပေးအပ်ချီးမြှင့်ခြင်းနှင့် အားကစားပစ္စည်းများကိုပေးအပ်ရာ ယာယီကျောင်းအုပ်ဆရာကြီးမှ လက်ခံရယူသည်။

ထို့နောက် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက “လူငယ်နှင့် အချိန်၏တန်ဖိုး” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ဉာဏ်စမ်းမေးခွန်းများကို ဖြေဆိုနိုင်သည့် ကျောင်းသား၊ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

အခမ်းအနားအပြီးတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများက ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များနှင့် လူကုန်ကူးမှုတာဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရူလေ့လာခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)