တပ်ကုန်းမြို့နယ် အခြေခံပညာကျောင်းနှစ်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

တပ်ကုန်း နိုဝင်ဘာ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့်စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရှောက်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါလူငယ်စကားဝိုင်းတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပြီး၊ ရှောက်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ မပိုးမီမီဇော်(Grade-7)၊ မဇူးဇူးမာ(Grade-8)၊ မမြင့်မြတ်နဒီသန့် (Grade-10)၊ မအိဖြူ (Grade-11) တို့က လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့်ကိုယ်ကျင့်တရား၊ လူငယ်နှင့်အားမာန်၊ လူငယ်နှင့်စာဖတ်ခြင်းအလေ့ခေါင်းစဉ်တို့ဖြင့် ဦးဆောင် ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်သော ဦးစီးအရာရှိနှင့် ဦးဆောင် ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီးနောက် ဦးဆောင် ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ သည်။

ဆက်လက်၍ မွန်းလွဲပိုင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို နွယ်ရစ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ဆက်လက်ကျင်းပခဲ့ရာ မောင်မြတ်သောမောင်(Grade-8)၊  မအေးချမ်းမြေ့ (Grade-8)၊ မရွှေရည်ငြိမ်း(Grade-8)၊ မဇူးဇူး(Grade-8)၊ မသွယ်သွယ်ဖြိုး (Grade-8)တို့က လူငယ်နှင့်စည်းကမ်း၊ လူငယ်နှင့်ယဉ်ကျေးမှု လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့်မျိုးချစ်စိတ်ဓာတ် ခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်သော ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်နှင့်ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီးနောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲ များအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့်သုတရသ စာအုပ်များနှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ သဘာဝဘေးအန္တရာယ် အသိ ပညာနံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုကြောင်း သိရ သည်။        

တင်စိုးလွင်