ပြည်ထောင်စုနယ်မြေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းဖွင့်လှစ်နေမှု ကြည့်ရှုအားပေး

နေပြည်တော် နိုဝင်ဘာ ၂၆

ပြည်ထောင်စုနယ်‌မြေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းအား လယ်ဝေးမြို့၊ သီရိမင်္ဂလာခန်းမတွင် နိုဝင်ဘာ ၂၄ မှစတင်ဖွင့်လှစ်သင်ကြားပေးလျှက်ရှိရာ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုး၊ ဦးမြင့်စိုးနှင့် နေပြည်တော်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးဦးတိုးဝင်း၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ လယ်ဝေးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုးက နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာတွင် သက်ဆိုင်ရာမဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးများသည် ရွေးကောက်ပွဲကျင်းပနေစဉ်ကာလ လက်တွေ့နယ်ပယ်တွင် မိမိတို့တာဝန်ယူဆောင်ရွက်ရမည့်လုပ်ငန်းများကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲလုပ်ငန်း စဉ်အဆင့် ဆင့်ကို ဆောင်ရွက်ရာ၌ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြသည့် မဲရုံမှူး၊ ဒုမဲရုံမှူးများ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတစ်ရပ်တွင်ပါဝင်ကြောင်း၊ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲစာရင်းစစ်ဆေးသူ၊ ထိန်းချုပ်စက်ကိုင်တွယ်သူနှင့် မဲရုံလုံခြုံရေးအစရှိသည့် မဲရုံအဖွဲ့ ဝင်များအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြမှသာ ရွေးကောက်ပွဲကို အမှားယွင်းမရှိ အဆင်ပြေချောမွေ့စွာဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးကို အမျိုးသားရေးတာဝန်အဖြစ် အလေးအနက်ခံယူပြီးပေးအပ်လာမည့် ရွေးကောက်ပွဲဆိုင်ရာတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်နိုင်ကြပါ‌စေကြောင်း စသည်ဖြင့်ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုး၊ ဦးမြင့်စိုး၊ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးဦးတိုးဝင်းနှင့် တာဝန်ရှိသူများသည် မဲရုံမှူး၊ ဒုမဲရုံမှူး သင် တန်းသား၊ သင်တန်းသူများနှင့် ဂုဏ်ပြုနေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြောင်း သိရ သည်။

အဆိုပါသင်တန်းတွင် အီလက်ထရောနစ်မဲပေးစက် အသုံးပြုခြင်းဆိုင်ရာ လုပ်ငန်းလက်စွဲပါ ဘာသာရပ်များဖြစ်သည့် မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံနှင့်ပါဝင်သည့်ပစ္စည်းများ၊ မဲပေးစက် အားစစ်ဆေးခြင်း၊ ရွေးကောက်ပွဲကျင်းပမည့်နေ့မတိုင်မီ မဲရုံတွင်အီလက်ထရောနစ် မဲပေးစက် များအသုံးပြုရန် ကြိုတင်ပြင်ဆင်ခြင်းနှင့် စမ်းသပ်မဲပေးခြင်း၊ စက်အားကိုင်တွယ်ခြင်း၊ သတ်မှတ်နေရာတွင် နေရာချခြင်း၊ မဲပေးရန်စက်များဖွင့်လှစ်ခြင်း၊ မဲရလဒ်များထုတ်ယူခြင်း၊ မဲပေးနေစဉ်အတွင်း အရေးပေါ်ကိစ္စရပ်များဖြစ်ပေါ်ပါက ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မဲပေးချက်ဖော်ပြသည့် စက်တွင်ပါဝင်သော မဲပုံးအတွင်းမှ ဆန္ဒမဲဖြတ်ပိုင်းများ ရေတွက်ခြင်းစသည့် ဘာသာရပ်များကိုစာတွေ့လက်တွေ့သင်ကြားခြင်းတို့အပြင်သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပါ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများနှင့် ပြစ်ဒဏ်များ၊ တရားမဲ့ပြုကျင့်မှုများ၊ ဆောင်ရန် ရှောင်ရန်အချက်များအား သင်ကြားပို့ချပေးခဲ့ပြီး နိုဝင်ဘာလ ၂၅ ရက်နေ့အထိ နှစ်ရက်ကြာဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)