တပ်ကုန်းမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် မိုးစပါးအပါဝင် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ပညာပေးဟောပြောခြင်းဆောင်ရွက်

တပ်ကုန်း မေ ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် မိုးစပါးအပါဝင် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ပညာပေးဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကင်းသာကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် တပ်ကုန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးမင်းထွန်းနှင့် ဝန်ထမ်းများက အထွက်နှုန်းကောင်းမွန်သော မျိုးကောင်း၊ မျိုးသန့်များ ရွေးချယ်အသုံးပြုရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး ဓာတ်မြေဩဇာနှင့်သဘာဝ မြေဩဇာတွဲဖက်အသုံးပြုရေး၊ သီးနှံအထွက်နှုန်းမထိခိုက်စေသည့် ဓာတ်မြေဩဇာလျှော့ချသုံးစွဲနိုင်သည့်နည်းလမ်းများ လိုက်နာကျင့်သုံးရေး၊ လိုအပ်သည့် ပိုးသတ်ဆေးစနစ်တကျသုံးစွဲတတ်ရေး၊ စိုက်ပျိုးရေးတောင်သူများ သဘာဝမြေဆွေးပြုလုပ် သုံးစွဲတတ်ရေး  ရှင်းလင်းဟောပြောခဲ့သည်။

ထိုဟောပြောပွဲတွင် တက်ရောက်လာသည့် စိုက်ပျိုးရေးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများက ပန်းတိုင်အထွက်နှုန်းရရှိရေး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်