ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာအုပ်စု၊ ဝက်စုကျေးရွာရှိ “ဝက်စု လယ်/ ထွေ သမဝါယမအသင်း” တွင် စနစ်ကျသော စိုက်ပျိုးရေးဖော်ဆောင်ရန် ညှိနှိုင်းဆွေးနွေး

နေပြည်တော် မေ ၂၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနအနေဖြင့် ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာအုပ်စု၊ ဝက်စုကျေးရွာဓမ္မာရုံတွင် ဝက်စု လယ်/ ထွေ သမဝါယမအသင်း၊ အသင်းသား (၃၃) ဦး၊ စိုက်ဧက (၁၀၂ ဒသမ ၅၃) ဧကအား စနစ်ကျသော စိုက်ပျိုးရေးဖော်ဆောင်နိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီးပွား) ဦးအောင်ပြည်စိုး၊ ဥတ္တရသီရိမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းနှင့် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများက သမဝါယမအသင်းသား တောင်သူများနှင့် ကွင်းဆင်းညှိနှိုင်းအစည်းအဝေးပြုလုပ်၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း (ပြန်/ဆက်)