နေပြည်တော်ကောင်စီနယ်မြေ

တပ်ကုန်းမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၆) ဖွင့်လှစ်သင်ကြား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂ဝ၂၆)သင်တန်း ဖွင့်လှစ်သင်ကြားခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်း/ ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင် လမ်းဘေး ဝဲ/ယာတစ်လျှောက် ချုံနွယ်များ ရှင်းလင်းခြင်းနှင့် ကွန်ကရစ်လမ်းသား နိမ့်ကျပျက်စီးမှု ပြုပြင်ခြင်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်သည် ဇမ္ဗူသီရိမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေနော်ဝင်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်မျိုးဦးတို့လိုက်ပါလျက် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ သံလွင်လမ်း၊ ရွှေဇမ္ဗူလမ်း၊ သော်ကလမ်းနှင့် ဘောဂသိဒ္ဓိရပ်ကွက်၊ သုခသီတာလမ်းဘေး ဝဲ/ယာတစ်လျှောက် ထွန်စက်၊ မြက်ဖြတ်စက်များဖြင့်  ချုံနွယ်များ ရှင်းလင်းခြင်းနှင့်  သန့်ရှင်းရေးဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒက္ခိဏသီရိမြို့နယ်၌ မန္တလေးငလျင်ဒဏ်ခံစားခဲ့ရသော ဒေသခံပြည်သူများအား ဝင်ငွေတိုးစီမံကိန်းဖြင့်  နည်းပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ နေပြည်တော်ကောင်စီ ဖြည့်စွက်ဘဏ္ဍာရန်ပုံငွေဖြင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်မည့် စက်ချုပ်နည်းပညာသင်တန်းနှင့် ရေခဲမုန့်နှင့်ဖျော်ရည်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရှိ Incubation Center ၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ဒက္ခိဏသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ သင်တန်းသူများ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော နေအိမ်များအတွက် ဒုတိယအကြိမ် ငွေသား၊ သွပ်၊ သံချောင်း၊ ဘိလပ်မြေနှင့် သစ်ဖိုးငွေ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော နေအိမ်များအတွက် ဒုတိယအကြိမ် ငွေသား၊ သွပ်၊ သံချောင်း၊ ဘိလပ်မြေနှင့် သစ်ဖိုးငွေ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ငလျင်ဘေးသင့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်၊ ငလျင်ဘေးပြန်လည်တည်ဆောက်ရေးနှင့် ဝန်ထမ်းအိမ်ရာများ အသစ်ဆောက်လုပ်နေမှုလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၀ ရက်နေ့ညနေပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ မြို့မဈေးသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော အဆောက်အဦများ ပြန်လည်ပြုပြင်နေမှုကိုလည်းကောင်း၊  သုခသိဒ္ဓိရပ်ကွက်၊ အကွက်အမှတ်(၈-က)သို့ သွားရောက်ပြီး (၆၀၀) စတုရန်းပေရှိသော လေးခန်းတွဲ၊ လေးထပ်အမှုထမ်းအိမ်ရာများ အသစ်ဆောက်လုပ်နေမှု အခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်ထိခိုက်မှုမရှိအောင် သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် -၂၀၂၆ ( Youth Peace Forum 2026 )သို့ တက်ရောက်မည့် နေပြည်တော်လူငယ်ကိုယ်စားလှယ်များတွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ချင်းတွင်းလမ်းနှင့် သီရိမဏ္ဍိုင်လမ်းတို့တွင် ဌာနဆိုင်ရာများနှင့် ပြည်သူများမှ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်‌‌ဆေးပြီး မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာလှပစေရေး၊  လမ်းဥပဓိရုပ်‌ကောင်းမွန်စေရေး၊ လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး၊ လမ်းပုခုံး‌မြေသားများ လမ်းမျက်နှာပြင်ထက် မြင့်တက်နေမှုမရှိစေရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစို‌ပြည်ရေး မြေယာရှုခင်းများ၌ ရာသီအလိုက်ဖူးပွင့်သော ပန်းအလှပင်များ စနစ်တကျစိုက်ပျိုးရေး၊ လမ်းဘေးဝဲ/ယာ အရိပ်ရအပင်များ ထပ်မံတိုးချဲ့စိုက်ပျိုး‌ရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်‌ဝေးမြို့နယ်အတွင်း မြေချဉ်ငန်ကိန်းတိုင်းတာခြင်းနှင့်‌ မြေဆီလွှာဓာတ်ခွဲစစ်‌ဆေးရန် မြေနမူနာယူခြင်း ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရ၊ ကော်မတီဝင်ဦးဝင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်အတွင်း မြေချဉ်ငန်ကိန်းတိုင်းတာခြင်းနှင့် မြေဆီလွှာဓာတ်ခွဲစစ်ဆေးရန် မြေနမူနာယူဆောင်ရွက်ခြင်းများအား ကွင်းဆင်းကြည့်ရှု အား‌ပေးခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း နေပြည်တော်အတွင်း ဈေးကွက်စစ်ဆေးရေး၊ ဈေးနှုန်းထိန်းညှိရေး၊ မတရားအမြတ်တင်ရောင်းချမှုများ စစ်ဆေးထိန်းသိမ်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော်အတွင်း ဈေးကွက်စစ်ဆေးရေး၊ ဈေးနှုန်းထိန်းညှိရေး၊ မတရားအမြတ်တင်ရောင်းချမှုများ စစ်ဆေးထိန်းသိမ်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်အတွင်း ဈေးကွက်စစ်ဆေးရေး၊ ဈေးနှုန်းထိန်းညှိရေး၊ မတရားအမြတ်တင်ရောင်းချမှုများ စစ်ဆေးထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်‌ကောင်စီဝင် ဦးဇေယျာလင်း၊ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော်အဆင့်ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးမောင်(ရှမ်းရှေ့တာဝန်ခံ) မိုင်းပျဥ်းမြို့နယ်၌ ရွေး‌ကောက်ပွဲအပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ဆန္ဒမဲပေးနေမှုများနှင့် မဲရုံများ ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးမောင်(ရှမ်းရှေ့တာဝန်ခံ)သည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ကြိုတင်ဆန္ဒမဲပေးနေမှုအခြေအနေများနှင့် မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ