နေပြည်တော်ကောင်စီနယ်မြေ

တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရှားတောကျေးရွာအခြေခံပညာအထက်တန်းကျောင်း၊ စာသင်ဆောင်တွင် ကျင်းပရာ ကျောင်းအုပ်ဆရာမကြီးဒေါ်မိမိလေးက အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး၊ ဗလငါးတန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းအမှာစကားပြောကြား​ခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်တွင် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ကျည်တောင်ကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိလာမည့် အတွေးအမြင်ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်စေရန်နှင့် စာဖတ်ဝိုင်းမှတစ်ဆင့် ဘဝအထောက်အပံ့ဖြစ်စေမည့် အတွေးအခေါ်ကောင်းများရရှိစေရန် ရည်ရွယ်၍ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ နာယကနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် စာရေးဆရာ ဆရာမများ၊ စာပေဝါသနာရှင်များပူးပေါင်း၍ စာရေးဆရာ တက်တိုးရေးသားသော "စာဖတ်စည်းစိမ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပုဗ္ဗသီရိမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပုဗ္ဗသီရိမြို့နယ်အတွင်း သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းတွင် လယ်ဝေးမြို့နယ်၊ အလယ်ကျွန်းကျေးရွာအုပ်စု၊ တံတားကြီးကျေးရွာအတွင်း ရေဝပ်မှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် နေပြည်တော် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (တည်ဆောက်ရေး-၅)မှ ဆောင်ရွက်သည့် ကျေးရွာရေဆိုးထုတ်မြောင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ကျေးရွာများအတွင်း ရေဝပ်မှုမရှိစေရေး၊ ရေနုတ်မြောင်း၊ ရေထုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ ကျေးရွာသန့်ရှင်း သာယာလှပရေးတို့ကို အမြဲမပြတ်ကြပ်မတ်ဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို မှာကြားသည်။

တပ်ကုန်းမြို့၌ ရေဘေးသင့် ဘုန်းတော်ကြီးကျောင်း ၁၁ ကျောင်းအား နဝကမ္မဝတ္ထုငွေနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ရိုးရာပွဲတော်ကို ဖော်ထုတ်မြှင့်တင် အားပေးခြင်းဖြင့် တပ်ကုန်းမြို့တန်ဆောင်တိုင်ပွဲတော်နှင့်MSME ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ  မြို့နယ် MSME အသင်းနှင့် စေတနာရှင်များစုပေါင်း၍ ရေဘေးသင့်ခံခဲ့ရသောဘုန်းတော်ကြီးကျောင်း ၁၁ ကျောင်းအတွက် နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးတွင် ကျင်းပခဲ့သည်။

လယ်ဝေးမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းနှင့် ဆောင်းသီးနှံ မတ်ပဲ၊ နေကြာမျိုးများပေးအပ်

လယ်ဝေးမြို့နယ် ၂၀၂၄-၂၀၂၅ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းနှင့် ရေကြီးနစ်မြုပ်ပျက်စီးဧရိယာများအတွက် ဆောင်းသီးနှံ မတ်ပဲ၊ နေကြာမျိုးများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာအနီးရှိ အဆင့်မြင့်လယ်ယာမြေ ဧက ၂၀၀ ရှင်းလင်းဆောင်တွင် ကျင်းပသည်။

တပ်ကုန်းမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကြက်သွန်နီနှင့်ဟင်းသီးဟင်းရွက် စုစုပေါင်း ၃၆၃၂ ဧက လျာထားစိုက်ပျိုး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း ယခုနှစ် ဆောင်းသီးနှံစိုက်ရာသီတွင် မီးဖိုချောင်သုံး သီးနှံများဖြစ်သည့် ကြက်သွန်နီနှင့်ဟင်းသီးဟင်းရွက်စုစုပေါင်း ၃၆၃၂ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်း တပ်ကုန်းမြို့တန်ဆောင်တိုင်ပွဲတော်နှင့် MSME ဈေးရောင်းပွဲတော်တွင် နွားလှည်းယဉ်ကျော့ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားတက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် MSME အဖွဲ့တို့ဦးစီး၍ တပ်ကုန်းမြို့တန်‌ဆောင်တိုင်ပွဲတော်နှင့် MSME ဈေးရောင်းပွဲတော်တွင် ပထမအကြိမ်မြန်မာ့ရိုးရာ နွားလှည်းယဉ်ကျော့ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ  ပြိုင်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ ဆက်လက်ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့်ကော်မတီဝင်များ၊ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ ဧလာတိဏ္ဏဗုဒ္ဓရက္ခိတ ကျောင်းတိုက်သို့သွားရောက်၍ ကျောင်းထိုင်ဆရာအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္တုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် (၁၆) ကြိမ်မြောက် တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့) အခမ်းအနားကျင်းပ

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် (၁၆) ကြိမ်မြောက် တန်ဆောင်မုန်းလပြည့်(သာမညဖလအခါတော်နေ့) အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် စေတီတော်လိုဏ်အတွင်း၌ ကျင်းပပြုလုပ်သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ