နေပြည်တော်ကောင်စီနယ်မြေ

တပ်ကုန်းမြို့ တန်ဆောင်တိုင်ပွဲတော်နှင့် MSME ဈေးရောင်းပွဲတော်တွင် နွားလှည်းယဉ်ကျော့ ပြိုင်ဆိုင်ခြင်းဖြင့် ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ရိုးရာပွဲတော်ကို ဖော်ထုတ်မြှင့်တင်အားပေးခြင်းဖြင့် တပ်ကုန်းမြို့ တန်ဆောင်တိုင်ပွဲတော်နှင့်MSME ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့အားကစားကွင်းဝင်းအတွင်း၌ နွားလှည်းယဉ်ကျော့ပြိုင်ပွဲအား နံနက်နှင့် ညနေပိုင်း နှစ်ချိန်ခွဲကာ စည်ကားစွာ ကျင်းပခဲ့သည်။

တပ်ကုန်းမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပြောင်းသီးနှံ ၁၆၇၀ ဧက လျာထားစိုက်ပျိုး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ယခုနှစ် ဆောင်းသီးနှံစိုက်ရာသီတွင် ပြောင်းသီးနှံများဖြစ်သည့် အစေ့ထုတ်ပြောင်းနှင့် ဖူးစားပြောင်းစုစုပေါင်း ၁၆၇၀ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပျဉ်းမနားမြို့နယ်၌ မြို့ယ်လုံးဆိုင်ရာ ၅၃ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲအတွက် ပဒေသာပင်များ လှည့်လည်ပို့ဆောင်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၌၊ မြို့နယ်လုံးဆိုင်ရာ (၅၃) မြောက် စုပေါင်းမဟာဘုံကထိန် အခမ်းအနားကို နိုဝင်ဘာလ ၁၅ ရက်နေ့၌ ဆုတောင်းပြည့် လောကမာရဇိန်စေတီတော်အတွင်းရှိ ဗောဓိညောင်ပင်ကွင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

ရေကြီးနစ်မြုပ်ဒေသများအတွက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ လှူဒါန်းသည့် လယ်ယာအထောက်အကူပြုပစ္စည်းများ ပေးအပ်ပွဲ ကျင်းပ

ရာဂီမုန်းတိုင်းအရှိန်ကြောင့် နေပြည်ဝောာ်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များတွင် သီးနှံများ ထိခိုက်ပျက်စီးခဲ့မှု့အပေါ် ပြန်လည်စိုက်ပျိုးရန်နှင့် ထိခိုက်ဧကများ အထွက်နှုန်း မလျော့နည်းစေရေးအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ကျပ်သိန်း ၅၀၀ဝိ/- တန်ဖိုးရှိသည့် ထောက်ပံ့ပစ္စည်းများအား တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့သို့ လှူဒါန်းပေးအပ်ခဲ့သည်။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွက် ၈၀၈၅၆၉၇၅ ကျပ်နှင့် ညီမျှသော သွင်းအားစုများအား ပျဉ်းမနားမြို့နယ်၊ သနပ္ပင်ဆိပ် စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ၌ ယနေ့မွန်းလွဲပိုင်းက ထောက်ပံ့ပေးအပ်ခဲ့သည်။

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊စာစောင်များ ငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ သဲကျွန်းကျေးရွာနှင့် အမှတ်-၄ အခြေခံပညာအထက်တန်းကျောင်းသို့  သွားရောက်ငှားရမ်းပေးကြသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ချည်ထည်လုပ်ငန်းဖြင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲတက်ရောက်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ MSME လုပ်ငန်းများနှင့် OROP လုပ်ငန်းပါ ချည်ထည်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဇောင်ချမ်းကုန်းစံပြကျေးရွာနှင့် လယ်ဝေးမြို့နယ်၊ ကြံခင်းစံပြကျေးရွာတို့တွင် ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း ဆောင်ရွက်မည့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်း ၇ နာရီတွင် Incubation center ၌ ကျင်းပသည်။

(၂၃) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသပေး

(၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော် ခုတင် (၁၀၀) တိုင်းရင်းဆေးရုံကြီးမှ ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာ အမှတ်(၁၉) အခြခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးနှင့် ပြည်ထောင်စုနယ်မြေ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေး အသင့်ပြင်ဆင်စုဖွဲ့ထားရှိခြင်း အခမ်းအနား တက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၊ အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းအတွင်း တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူလူထုများ စုပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်နေမှု တို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ထောက်ပံ့ငွေများ ပေးအပ်ကာ ကျောင်းအတွင်း သန့်ရှင်းသာယာလှပရေး၊ ရေဝပ်နေသော နေရာများအား ဖောက်ထုတ်ရေး၊ ပန်းအလှပင်များနှင့် သီးပင်စားပင်များ စိုက်ပျိုးရေး၊ ကျောင်းအတွင်း/အပြင် ရေစီးရေလာ ကောင်းမွန်ရေး၊ အမှိုက်များ စနစ်တကျ စွန့်ပစ်သိမ်းဆည်းရေးတို့ကို တာဝန်ရှိသူများအား မှာကြားသည်။

နေပြည်တော်ကောင်စီဝင် ဦးမင်းဦး လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ပြည်ထောင်းစုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ယူဆောင်ရွက်နေသည့် ကုမ္ပဏီများနှင့် အစည်းအဝေးကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့၌ကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားနှင့် ရေဘေးသင့်ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲ အခမ်းအနားတက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ နေပြည်တော် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ