တပ်ကုန်းမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကြက်သွန်နီနှင့်ဟင်းသီးဟင်းရွက် စုစုပေါင်း ၃၆၃၂ ဧက လျာထားစိုက်ပျိုး

တပ်ကုန်း နိုဝင်ဘာ ၁၇ 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း ယခုနှစ် ဆောင်းသီးနှံစိုက်ရာသီတွင် မီးဖိုချောင်သုံး သီးနှံများဖြစ်သည့် ကြက်သွန်နီနှင့်ဟင်းသီးဟင်းရွက်စုစုပေါင်း ၃၆၃၂ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တပ်ကုန်းမြို့နယ်အတွင်း ဒေသခံတောင်သူများ ကြက်သွန်နီနှင့်ဟင်းသီးဟင်းရွက်သီးနှံစိုက်ပျိုး  ထုတ်လုပ်မှုတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်များ သုံးစွဲရေးနှင့် စိုက်စနစ် မှန်ကန်ရေး၊ သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာများ အချိုးကျသုံးစွဲနိုင်ရေး၊ ကြက်သွန်နီနှင့်ဟင်းသီးဟင်း ရွက်သီးနှံများ စီးပွားဖြစ်စိုက်ပျိုးနိုင်ရေး၊ သီးနှံများအရည်အသွေးကောင်းရရှိရေး၊ အထွက်နှုန်းရရှိရေး၊ နည်းပညာရပ်များ ရယူသုံးစွဲနိုင်ရေးနှင့်စျေးကွက်ဝင် သီးနှံများကို စိုက်ပျိုးကြ​ရေး စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တပ်ကုန်းမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကြက်သွန်နီနှင့်ဟင်းသီးဟင်းရွက် လျာထားစိုက်ပျိုးမှုအနေဖြင့် ကြက်သွန်နီ ၈၇၄ ဧက၊ ဟင်းသီးဟင်းရွက် ၂၇၅၈ ဧက စိုက်ပျိုးမည်ဖြစ်ပြီး၊ မြို့နယ်အတွင်းသာမက ပြည်တွင်းသီးနှံဖူလုံရေးအတွက် ဒေသခံတောင်သူများနှင့် ပူးပေါင်း၍ အောင်မြင်အောင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်