နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်း တပ်ကုန်းမြို့တန်ဆောင်တိုင်ပွဲတော်နှင့် MSME ဈေးရောင်းပွဲတော်တွင် နွားလှည်းယဉ်ကျော့ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားတက်ရောက်

တပ်ကုန်း နိုဝင်ဘာ ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် MSME အဖွဲ့တို့ဦးစီး၍ တပ်ကုန်းမြို့တန်‌ဆောင်တိုင်ပွဲတော်နှင့် MSME ဈေးရောင်းပွဲတော်တွင် ပထမအကြိမ်မြန်မာ့ရိုးရာ နွားလှည်းယဉ်ကျော့ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ  ပြိုင်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ ဆက်လက်ကျင်းပခဲ့သည်။

ဦးစွာ ပြိုင်ပွဲဝင် နွားလှည်းယဉ်ကျောအစီး ၃၀ စီးအနက်မှ  အမှတ်အများဆုံး ရရှိသည့် ဆန်ခါတင် ရွေးချယ်ခံရသော နွားလှည်းယဉ်ကျော့ငါးစီးကို ယှဉ်ပြိုင်ခဲ့ကြပြီးနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေဘေးသင့်တဲ့အထဲမှာ တပ်ကုန်းမြို့နယ်ဟာ အဆိုးဝါးဆုံးခံစားခဲ့ရတဲ့ မြို့နယ်ဖြစ်ပြီး လူနှင့်တိရစ္ဆာန်သေဆုံးမှုများ၊ လူနေအိမ် ပျက်စီးမှုများ ကြုံတွေ့ခဲ့ရသောကြောင့် ပြည်သူများအနေဖြင့် ပင်ပန်းဆင်းရဲမှုတွေ၊ စိတ်အားငယ် မှုတွေ ခံစားခဲ့ရပါကြောင်း၊ နိုင်ငံတော်အနေနဲ့လည်း မူလအခြေအနေထက် ပိုမိုကောင်းမွန်တဲ့ ဘဝကို တည်ဆောက်ပေးနေတာ အတိုင်းအတာတစ်ခုထိ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ယခုလို ပွဲတော်ပြုလုပ်ပေးရခြင်းဟာ ပြည်သူများစိတ်အပန်းဖြေစေရန်နှင့် စိတ်ခွန်အားအပြည့်ဖြင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ပေးစေခြင်းတဲ့အတွက် ကျင်းပပေးရ ခြင်းဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာတွေကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အမျိုးသားအမွေအနှစ်တွေကို တန်ဖိုးထားစေချင်ကြောင်း ဆုပေးပွဲအဖွင့်အမှာ စကားပြောကြား ခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ  အဖွဲ့ဝင်(၁)ဗိုလ်မှူးဝင်းထွဋ်အောင်နှင့်တာဝန်ရှိသူများ က  ပြိုင်ပွဲဝင်နွားလှည်းယဉ်ကျော့အစီး ၂၅ စီးတို့အား အထူးဆုအနေဖြင့်  တစ်စီးလျှင် ၅ သိန်း ကျပ်စီအား ဆုချီးမြှင့်၍လည်းကောင်း၊ နေပြည်တော်MSMEအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်စိုးလွင် က အထူးနှစ်သိမ့်ဆုရရှိသော ကျားသေအိုင်ကျေးရွာ(၁)နှင့်ကျားသေအိုင်ကျေးရွာ(၂)တို့မှ နွား လှည်းယဉ်ကျော့အစီး ၂ စီးတို့အား ‌ဆုငွေ ၁၀ သိန်းကျပ်စီအား ဆုချီးမြှင့်၍လည်းကောင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက တတိယဆုရရှိသော ရွေးစုကျေးရွာမှ နွားလှည်းယဉ် ကျော့ကို ဆုငွေ သိန်း ၃၀ ကျပ်နှင့် ဆုတံဆိပ်ချီးမြှင့်၍လည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ဒုတိယဆုရရှိသော  ညောင်ငါးပင်(မ)ရွာမှ နွားလှည်းယဉ်ကျော့ကို ဆုငွေ သိန်း ၄၀ကျပ်နှင့်ဆုတံဆိပ်ချီးမြှင့်၍လည်းကောင်း၊ ဗိုလ်မှူးကြီးရဲမိုးက ပထမဆုရရှိသောဆင်သေ ကျေးရွာမှ နွားလှည်းယဉ်ကျော့ကို ဆုငွေသိန်း ၅၀ကျပ်နှင့်ဆုတံဆိပ်အချီးမြှင့်ပေးအပ်ခဲ့‌ပြီးနောက်  ပြိုင်ပွဲဝင်နွားလှည်းယှဉ်ကျော့အစီး ၃၀ စီးတို့က မြို့နယ်အားကစားကွင်းနှင့်မြို့အတွင်းလမ်းများ တွင် လှည့်လည်၍ အလှပြမောင်းနှင်းခဲ့ကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ ကျားသေအိုင်ကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေးကားလမ်း နဝင်းချောင်းကူး တံတားရောက်ရှိ၍  ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်ငွေဖြင့် ဆောင်ရွက်နေသည့်  ၆၅၀၀ ပေရှိ သောင်တူးဖော်ခြင်းလုပ်ငန်း၊ ၄၉၀၀ ပေရှိ မြစ်ကြောင်းဖြောင့်ခြင်းလုပ်ငန်း၊ ၁၄၀၀ပေရှိ Gabion Box အခြေပြု ကျောက်ဖြည့်မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်း၊ ၇၀၅ပေရှိ Steel Basket မြေထိန်းနံရံ လုပ်ငန်း၊ ၁၀၀ ပေရှိ Steel Basket ရေကာ ၄ခု တည်ဆောက်ခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

တင်စိုးလွင်