မုန်တိုင်း ကြိုတင် သတိပေးချက်သုံး အရောင်သင်္ကေတများအား ပြည်သူများ သိရှိစေရန် ဆိုင်းဘုတ် စိုက်ထူ
မွန်ပြည်နယ် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနနှင့် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်း ကြိုတင်သတိပေးချက်သုံး အရောင်သင်္ကေတများအား ပြည်သူများသိရှိစေရန် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့၌ ကျင်းပ ပြုလုပ်ခဲ့သည်။