ပုဏ္ဏားကျွန်း သြဂုတ် ၂၄
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ထေကြီး၊ ဝါကြီး ဘုန်းတော်ကြီးကျောင်းတိုက်များသို့ ဆန်၊ ဆီ၊ ဆေး၊ သင်္ကန်းနှင့် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့၊ နေ့လည်(၁)နာရီက ပုဏ္ဏားကျွန်းမြို့ မြို့မပရိယတ္တိဘုန်းတော်ကြီးကျောင်းတိုက်သို့သွားရောက် လှူဒါန်းခဲ့ကြသည်။
ထိုသို့လှူဒါန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးလှရွှေနှင့် အဖွဲ့ဝင်များက ထေရဝါဒဗုဒ္ဓသာသနာထွန်းကားရေးနှင့် ဝါတွင်းကာလ ဆွမ်းဆန်ကိစ္စရပ်များ အဆင်ပြေချောမွေ့စေရန်ရည်ရွယ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ထေကြီး၊ ဝါကြီးများ သီတင်းသုံးနေသော ကျောင်း ၁၀ ကျောင်းမှ ဆရာတော်၊ သံဃာတော်များအား ပင့်ဖိတ်၍ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီး၊ ပန်းနီလာကျေးရွာကျောင်းတိုက် ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကာ ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်မြတ်ကို နာယူ၍ သံဃာတော် အရှင်သူမြတ်တို့အား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းပေးသည့် ဆရာတော်ကြီးတစ်ပါးအတွက် ငွေကျပ်(၂၄၅၀၀၀)တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆေး၊ သင်္ကန်းနှင့်ဝတ္ထုပစ္စည်းတို့အား ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)