မော်လမြိုင်မြို့ ရာမည ရဋ္ဌ ဗုဒ္ဓတက္ကသိုလ်တွင် မွန် ကျောက် စာသင်တန်းဆင်းပွဲ ကျင်းပ
မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်ကြားရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သည့် မွန်ကျောက်စာ သင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင် (၉)ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ရာမညရဋ္ဌဗုဒ္ဓတက္ကသိုလ်တွင်ကျင်းပရာ၊ ပြည်နယ် စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ကြားရေးအဖွဲ့များ၊ ရဟန်းသံဃာ အရှင်သူမြတ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်၊၊