မုံရွာ သြဂုတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ကြေး ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ အဘိုး၊ အဘွားများ၊ စေတနာ့ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စေတနာ့အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍဟာ လည်း လွန်စွာအရေးကြီးပါကြောင်း၊ လူမူဝန်ထမ်းဦးစီးဌာနအနေဖြင့်လည်း စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို ဝန်ဆောင်မှုလုပ်ငန်း တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိပြီး စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများမှ တည်ထောင် ဖွင့်လှစ်ထားသော ဂေဟာ/ရိပ်သာများရှိ ကလေးသူငယ်များ၊ လူငယ်များ၊ မသန်စွမ်းများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ၏ ရသင့် ရထိုက်သော အခွင့်အရေးများကို လူ့အခွင့်အရေး စံနှုန်းများနှင့်အညီ ရရှိစေပြီး စားဝတ်နေရေး ဖူလုံနိုင်ရေးအတွက် နိုင်ငံတော်ကိုယ်စား တစ်စိတ် တစ်ပိုင်း ထောက်ပံ့နိုင်ရေးများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ(၂၀၁၉-ခုနှစ်)နှင့်အညီ တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ လူမူရေးအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တည်ထောင်ဖွင့်လှစ်ထားသော ပရဟိတဂေဟာများနှင့် ယာယီစောင့်ရှောက် ရေး ဂေဟာများအားလုံးကို တည်ထောင်ခွင့်ပြုမိန့်များ ထုတ်ပေးနိုင်ရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအနေဖြင့် လူမူရေးလုပ်ငန်း များကို ဆောင်ရွက်ရာတွင် ကလေးသူငယ်များ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကို မည်သူတစ်ဦးတစ်ယောက်မှ နောက်ကျကျန်ခြင်းမရှိစေဘဲ တန်းတူညီမျှရရှိစေရန် ဒီထက်မကအောင်မြင်အောင် လက်တွဲပြီး ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘိုးဘွားရိပ်သာ(၇)ခုသို့ ထောက်ပံ့ကြေး ငွေများအား မုံရွာဘိုးဘွားရိပ်သာမှ ကိုယ်စားလှယ်တစ်ဦးထံ ပေးအပ်ပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး ကလေးမြို့ရှိ ဧမာနွေလ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ ထောက်ပံ့ငွေအား ကိုယ်စားလှယ်တစ်ဦးထံ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး စီးပွားရေးဝန်ကြီး ဒေါ်ရီရီသန်းက စေတနာမူလတန်း ညကျောင်း(၂)ကျောင်းအတွက် ထောက်ပံ့ငွေများအား ကိုယ်စားလှယ်တစ်ဦးထံသို့လည်း ကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက ရွှေဘိုမြို့ရှိ ဘိုကုန်း လူငယ်ရိပ်သာအတွက် ထောက်ပံ့ငွေအား ကိုယ်စားလှယ်တစ်ဦးထံသို့လည်းကောင်း၊ တိုင်းဒေသကြီးလူမူရေးရာဝန်ကြီး ဦးအေးလိူင်က ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်း(၆၅)ကျောင်းအတွက် ထောက်ပံ့ငွေများအား ကိုယ်စားလှယ်တစ်ဦးထံသို့ အသီးသီး ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၏ ကိုယ်စား စေတနာ့ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသော အဘိုး၊ အဘွားများအား အာဟာရဖြည့်စွက် စားသောက်ဖွယ်ရာများအား ပေးအပ်ခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်ပြီး အခမ်းအနားအပြီးတွင် သက်ကြီးအဘိုး၊ အဘွားများအား ကိုဗစ်-၁၉ Vaccine Booster ဆေးထိုးနှံပေးနေမှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးအတွင်းရှိ ဘိုးဘွားရိပ်သာ(၇)ခုသို့ ထောက်ပံ့ ကြေးငွေကျပ် - ၂၉၁၂၁၀၀၀(နှစ်ရာကိုးဆယ်တစ်သိန်း နှစ်သောင်းတစ်ထောင် ကျပ်)၊ လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာ တစ်ခုသို့ ထောက်ပံ့ငွေကျပ်- ၂၃၇၆၀၀၀ (နှစ်ဆယ့်သုံးသိန်းခုနှစ် သောင်း ခြောက်ထောင်ကျပ်)၊ စေတနာမူလတန်းညကျောင်း (၂)ကျောင်းသို့ ထောက်ပံ့ငွေကျပ်- ၇၇၀၀၀၀(ခုနှစ်သိန်းခုနှစ်သောင်းကျပ်)၊ လူငယ်ရိပ်သာတစ်ခုသို့ ထောက်ပံ့ငွေကျပ်- ၁၀၀၀၀၀ (တစ်သိန်းကျပ်)၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၆၅)ကျောင်းအတွက် ထောက်ပံ့ ငွေကျပ် - ၆၈,၉၀၀,၀၀၀ (ခြောက်ရာရှစ်ဆယ်ကိုးသိန်းကျပ်) စုစုပေါင်းထောက်ပံ့ငွေကျပ် - ၁၀၁၂,၆၇,၀၀၀ (တစ်ထာင်တစ်ဆယ့်နှစ် သိန်းခြောက် သောင်းခုနှစ်ထောင်ကျပ်)အား ထောက်ပံ့ ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ၂၀၂၂-ခုနှစ်၊ တိုင်းဒေသကြီး အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် အစီအစဉ်အဖြစ် မုံရွာမြို့၊ ကုတင်-၂၀၀ ဆံ့ အမျိုးသမီးသားဖွားမီးယပ်နှင့် ကလေးအထူးကုဆေးရုံသို့ သွားရောက်၍ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား သံဓာတ်အားဆေး၊ ဗီတာမင်ဘီဝမ်းဆေးပြားများ၊ ကြက်ဥနှင့် အိုင်အိုဒင်း ဆားများအား တာဝန်ရှိသူများနှင့်အတူ ဝေငှပေးခဲ့ကြပြီး အထူးကြပ်မတ်အဆောင်တွင် ကလေး ငယ်များအား ဆေးကုသပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ဖြည့်စည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ရှိ လူမူဝန် ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသော မူလတန်းကြိုကျောင်းသို့ ရောက်ရှိရာ ကလေးငယ်များအား ဗီတာမင်အေဆေးနှင့် သံချဆေးများတိုက်ကျွေးပြီး ကစားစရာအရုပ်များနှင့် သွားတိုက်ဆေးများအား တာဝန်ရှိသူများနှင့်အတူ ဝေငှပေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆရာမများ အတွက် သွားတိုက်ဆေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်