ဦးစီးဌာန(ရုံးချုပ်)

ဇလွန်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီ တွင် အ.ထ.က ကော့ကပ်ကြီး တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျိုင်းတုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပြည်နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျိုင်းတုံမြို့တော်ခန်းမ၌ ကျင်းပသည်။

လှိုင်မြို့နယ်၌ ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ကျောင်းသားလူငယ်တစ်ရပ်လုံး ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုအလေ့အထများ ဖြစ်ပေါ်လာစေရန်၊ ကျန်းမာရေးနှင့် ပတ်သက်သော အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ကျောင်းကျန်းမာရေး သီတင်းပတ် အထိမ်းအမှတ်အဖြစ် အာဟာရမျှတစွာ စားသုံးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက အမှတ်(၃၀) အခြေခံပညာ မူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ မြို့နယ်ဖွံ့ဖြိုးရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အိမ်ထောင်စုလူဦးရေမဲစာရင်းများ မှန်ကန်ရေးအတွက် လစဉ်ပုံမှန်အစည်း အဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း

ကျုံပျော်မြို့တွင် ဂီတမျိုးဆက်သစ်များအတွက် တူယှဉ်နွှဲပျော် ဂီတပွဲတော် Season-2 ပြိုင်ပွဲ ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့တွင် ဂီတမျိုးဆက်သစ်များအတွက် တူယှဉ်နွှဲပျော် ဂီတပွဲတော် Season-2 ပြိုင်ပွဲကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ဩဂုတ်လ ၃ ရက် မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ကွတ်ခိုင်ခရိုင်ပညာရေးကြီးကြပ်မှုကော်မတီမှ  တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဂုဏ်ထူးရ ကျောင်းသား/သူများနှင့် ဂုဏ်ထူးရအောင်သင်ကြားပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် ခရိုင်ပညာရေးကြီးကြပ်မှု ကော်မတီမှကြီးမှူး၍ ၂၀၁၉-၂၀၂၀ခုနှစ်၊ ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကွတ်ခိုင်မြို့နယ်၊ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်းသား” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်သည်။

အမှတ်(၃၁)အခြေခံပညာမူလတန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အမှတ်(၃၁) အခြေခံပညာမူလတန်းကျောင်းတွင် ပညာသင်ကြားလျက် ရှိသည့် အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူများအား ယနေ့ နံနက် (၉) နာရီအချိန်က ပြန်လည်နေရာချထားရေးရပ်ကွက်၊ ရေကြည်အိုင်၊ ဇေယျမင်္ဂလာဘုန်းတော်ကြီးစာသင်တိုက်၌ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ပတ္တမြားကျေးလက် ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေးဝန်ထမ်းများက ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းရှိ ဒွန်းနွဲ့၊ မိုင်းလွေ နှင့် ကော်ဆမ်မိန်းကျေးရွာရှိ ပြည်သူများအား ဘမန်နေ့က ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး Booster Doseကို သက်ဆိုင်ရာဆေးထိုးစုရပ်၌ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးသည်။

(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြိုင်ပွဲများ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဇူလိုင် (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ် မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်ပြိုင်ပွဲများကို အခြေခံအထက်တန်းကျောင်းခွဲ (နားမေတ္တာ)၌ ယမန်နေ့နံနက်(၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်တွေမြို့နယ်၌ ကျွဲ၊ နွားများရောဂါကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် ကာကွယ်ဆေးများထိုးနှံ

စစ်တွေမြို့နယ်အတွင်း ကျွဲ၊ နွားများတွင် ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနဝန်ထမ်းများမှ စစ်တွေမြို့နယ်၊ သင်္ဂနက်ကျေးရွာအုပ်စု၊ သာယာကုန်း ရခိုင်ကျေးရွာတွင် မွေးမြူထားရှိသော နွားများအား ယနေ့နံနက်ပိုင်းက ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဟန်ဝင်းအောင်ထံမှ သိရသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)