ဘက်စုံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးနည်းပညာပေးသင်တန်းနှင့် မိုးစပါးကင်းထောက်မှတ်တမ်းယူခြင်း ကွင်းသရုပ်ပြပွဲ ဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်သီးနှံကာကွယ်ရေးဌာနခွဲနှင့် မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်း၍ ဘက်စုံပိုးမွှားရောဂါကာကွယ်ရေးသင်တန်းနှင့် ပိုးမွှားကင်း ထောက်မှတ်တမ်းယူခြင်း ကွင်းသရုပ်ပြပွဲကို ပေါမိုင်းရပ်ကွက် အောင်သာဘုန်းတော်ကြီးကျောင်း တွင် ယမန်နေ့မွန်းလွဲ (၁)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။