ဦးစီးဌာန(ရုံးချုပ်)

ကျိုက်မရော၌ ထန်းပင်ပေါင်း ငါးထောင်ကျော် ဒုတိယအကြိမ် စုပေါင်းစိုက်ပျိုးပွဲကျင်းပ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၏ သင်္ကေတအမှတ်အသားတစ်ခုဖြစ်သည့် LAND MARK ထန်းပင် စုပေါင်းစိုက်ပျိုးပွဲကို ဇွန်လ ၁၁ ရက် နံနက်က ကျိုက်မရောစံပယ်ဂူသွား ကားလမ်းပေါ်၌ ကျင်းပပြုလုပ်သည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်အောင်ကျော်မင်း အမ်းမြို့(မိုခါ) မုန်တိုင်းသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက်

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် အောင်ကျော်မင်း ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် အတူ ယမန်နေ့မွန်းလွဲပိုင်းက အမ်းမြို့၊ အမှတ်(၃) စျေးရပ်ကွက် ရွှေအမ်းတောင်ခန်းမ၌ ကျင်းပပြုလုပ်သည့် မုန်တိုင်းကြောင့် လေဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်း (အခမဲ့) ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဇွန် (၇) ရက်နံနက် (၁၀) နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးများအသင်းတို့ ပူးပေါင်းပြီး မိသားစုတစ်နိုင်တစ်ပိုင်လုပ်ကိုင်ခြင်းဖြင့် အပိုဝင်ငွေရရှိရေး ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်း (အခမဲ့) ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့၌ အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ အသက် ၁ နှစ်ခွဲ အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးခြင်းကို ယနေ့ နံနက် (၈) နာရီအချိန်က ဟုမ္မလင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ပေးလျက်ရှိသည်။

မိုးညှင်းမြို့၌ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းကျောင်း စတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာပညာသင်ကြား

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် တွဲဖက်၍ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းကျောင်းကို ဇွန်လ (၁)ရက် နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ကန့်ဘလူမြို့တွင် အရေးပေါ်ကယ်ဆယ်ရေးသုံး ပစ္စည်းများဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ပြင်ဆင် ဆောင်ရွက်လျက်ရှိ

 စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး သုံးပစ္စည်းများနှင့် တပ်ဖွဲ့ဝင်များအား လေ့ကျင့်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

လိပ်သိုမြို့ မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများ သဘာဝဘေးဒဏ်ကြောင့် ဓာတ်အားပြတ်တောက်မှုမရှိစေရန် ကြိုတင်ကာကွယ်စစ်ဆေး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများသည် မိုးဦးကာလနှင့် မိုးရာသီကာလများတွင် သဘာဝဘေးဒဏ်များကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရန် ကြိုတင်ကာကွယ်စစ်ဆေးပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက် လျက် ရှိကြသည်။

သထုံမြို့နယ်၌ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်း ဖွင့်လှစ်မည့်အခြေအနေများ ရှင်းလင်းဆွေးနွေး

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း စက်မှု၊ စိုက်ပျိုးနှင့်မွေးမြူရေး အထက်တန်းကျောင်း ဖွင့်လှစ်သင်ကြားပေးသွားမည့် အခြေအနေများကို ကျောင်းသား‌၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူတို့အား ယမန်နေ့ နံနက်က အ.ထ.က (၁)‌ကျောင်း နဝဒေးခန်းမ၌ သက်ဆိုင်ရာ ဌာနများက ချပြရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ကွမ်းလုံမြို့၌ ရာသီပေါ် လိုက်ချီးသီးများ တစ်ပိဿာကျပ်တစ်သောင်းထိ ဈေးကောင်းရရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ရာသီပေါ် လိုက်ချီးသီးများ ရောင်းချမှုတွင် ဈေးကောင်းရရှိသဖြင့် ဒေသခံတောင်သူများအနေဖြင့် ဝင်ငွေတစ်ဖက်တစ်လမ်းမှရရှိလျက်ရှိကြောင်း သိရသည်။

မိုးမိတ်မြို့ တွင် နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့၊ မြောက်ပိုင်းရပ်ကွက်တွင် ယနေ့ နံနက် ၁ နာရီအချိန်က နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)