မြစ်သားမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာဟောပြောပွဲ အခမ်းအနား ကျင်းပ

မြစ်သား သြဂုတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူငယ်ရေးရာကော်မတီ၊ အခြေခံပညာဦးစီးဌာန (အ.ထ.က) မြစ်သားတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက ကျန်စစ်သားအစည်းအ‌ဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်ပညာရေးမှူးတာဝန်ခံ ဒေါ်နှင်းရည်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က လူငယ်ရေးရာဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားကာ လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်စာပေ စသည့်ခေါင်းစဥ်များဖြင့် ဟောပြောခဲ့သည်။ ဆက်လက်၍ မြို့မရဲစခန်း စခန်းမှူးဇော်ဝမ်းမှ လူငယ်နှင့်မူးယစ်ဆေးအကြောင်းများ၊ ပြစ်မှု၊ ပြစ်ဒဏ်ဆိုင်ရာများအကြောင်း အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့ပြီး (အ.ထ.က) မြစ်သား  ကျောင်းအုပ်ဆရာမကြီး  ဒေါ်အေးသီတာက   ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

လူငယ်‌ရေးရာဟောပြောပွဲသို့ မြို့နယ်ပညာရေးမှူးတာဝန်ခံ ဒေါ်နှင်းရည်၊ မြို့မရဲစခန်းမှစခန်းမှူး ဇော်ဝမ်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်၊ မြို့နယ်ဥပဒေရုံးမှ ဒုတိယဥပဒေအရာရှိ‌ ဒေါ်ငုဝါ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ (အ.ထ.က) မြစ်သား ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)