သာပေါင်း ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှ (၂၄)ကြိမ်မြောက်အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပုသိမ်ခရိုင် အဆင့်ဝင်ရောက်ယှဥ်ပြိုင်မည့် ပြိုင်ပွဲဝင်များနှင့်အကအဖွဲ့များအား ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့၊ မွန်းလွဲ ၁ နာရီအချိန်က ပြည်အေးခန်းမ၌ အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းဧရာထိုက်မှ (၂၄)ကြိမ်မြောက်အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပုသိမ်ခရိုင်အဆင့် ဝင်ရောက်ယှဥ်ပြိုင်မည့် ပြိုင်ပွဲဝင်များနှင့် အကအဖွဲ့များအား အမှာစကားပြောကြားပြီးနောက် ယိမ်းအကအဖွဲ့မှ ကဗျာလွတ်အကဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပုသိမ်ခရိုင်အဆင့် ဝင်ရောက်ယှဥ်ပြိုင်မည့် ပြိုင်ပွဲဝင်များနှင့် အကအဖွဲ့များအား အောင်နိုင်ရေး အလံကို ပေးအပ်ခဲ့ရာမြို့နယ် အဆို၊အက၊အရေး၊အတီး ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းနှင့် အတွင်းရေးမှူး ဒေါ်မေဥမ္မာမှူးတို့ လက်ခံရယူခဲ့ကြကြောင်းသိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်