လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ပုဗ္ဗသီရိမြို့နယ်၌ စပါးမျိုး ရွေးချယ်ပေးခြင်းအခမ်းအနားတက်ရောက်

ပုဗ္ဗသီရိ အောက်တိုဘာ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဉတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းအုပ်စု၊ ဘဲကုန်း မြောက်ကျေးရွာ ကွင်းအမှတ် (၁၆၂၃က) တွင် တောင်သူများအား စပါးမျိူးရွေးချယ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားသို့ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင်ထွန်းနှင့် တာဝန်ရှိသူများ၊ နေပြည်တော်စက်မှုလယ်ယာဦးစီးဌာန တိုင်းဦးစီးမှူး ဦးနိုင်ဝင်း၊ နေပြည်တော် တိုင်းစိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးစိုးနိုင်၊ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထိန်လင်းဟန်၊ ပုဗ္ဗသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာထွန်း၊ ပုဗ္ဗသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးထက်အောင်ကျော်၊ ဘဲကုန်း ကျေးရွာအုပ်စု ၊ ရွာတော်ကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာအုပ်စုများရှိ တောင်သူများမှ ကျား ၈၅ဦး၊ မ ၂၅ဦး၊ စုစုပေါင်း ၁၁၀ဦးတို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က တက်ရောက်လာသော တောင်သူများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စပါးမျိုးရွေးချယ်ရာတွင် တစ်ဧက တင်း ၁၀၀ အထက် ထွက်ရှိနိုင်သော စပါးမျိုးစေ့များ အား ရွေးချယ်ဝယ်ယူစိုက်ပျိုးကြရန်၊ စပါးပျိုးပင်များ စိုက်ပျိုးရာတွင်လည်း ရေဒဏ်၊ လေဒဏ်၊ မိုးဒဏ်ခံနိုင်ပြီး ပျိုးပင်များလဲကျမှုမရှိသည့် စပါးမျိုးများအား စိုက်ပျိုးကြရန်၊ စပါးအပြင် သီးထပ်၊ သီးညှပ် ပဲ၊ ပြောင်း၊ နှမ်းတို့အား ရိတ်သိမ်းရာတွင် အလေအလွင့်မဖြစ်စေရေးတို့အား အသေးစိတ် ရှင်းလင်းချပြ၍ စပါးပင်စိုက်ပျိုးထားရှိသော လယ်ယာကွက်များအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)