မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ရေရရှိရန် အဝီစိတွင်းတူးခြင်းနှင့် ပတ်သက်သည်များကို ဆွေးနွေးခြင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်

မိုင်းခုတ် အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ခရိုင်ပညာရေးမှူး ဦးအောင်ဇော် Malteser International (မာလ်တေဆာ အပြည်ပြည်ဆိုင်ရာ လူမှုကူညီထောက်ပံ့ရေးအဖွဲ့) ဒေါက်တာ သက်စုအောင် ဦးဆောင်သော အလှူရှင်အဖွဲ့နှင့် ကျောင်းအကျိုးတော်ဆောင်များက ယမန်နေ့ နေ့လည်(၁:၀၀)နာရီအချိန်က ရေရရှိရန် အဝီစိတွင်းတူးဖော်ခြင်းနှင့် ပတ်သက်သည်များကို ဆွေးနွေးပြီးနောက် ရေရရှိပါက ရေလှောင်ကန်၊ လက်ဆေးဘေစင်နှင့် အမှိုက်မီးရှို့ကန်ကိုပါ ပြုလုပ်ပေးမည့် မြေနေရာအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ ရေရရှိရန် အဝီစိတွင်းတူးဖော်ခြင်းကို(၁၂-၁၀-၂၀၂၃)ရက်နေ့တွင် စတင်၍ ကျိုင်းတုံ “လားဟူလေး” ကုမ္ပဏီမှ တာဝန်ယူ တူးဖော်ပေးမည် ဖြစ်ပြီး ကျောက်မီးသွေးနယ်မြေ ဖြစ်သည့်အတွက် လိုအပ်လျှင် ရေစစ်ကန်ပါ ပြုလုပ်ပေးမည် ဖြစ်ကြောင်းနှင့် ရေရရှိပါက ရေလှောင်ကန်၊ လက်ဆေးဘေစင်နှင့် အမှိုက်မီးရှို့ကန်များကို မိုင်းဆတ် “ဆောင်းချယ်ရီ” ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)