တောင်ငူ၌ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ပြည်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များငှားရမ်း

တောင်ငူ အောက်တိုဘာ ၂၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးမှ ​ပြည်သူများ စာပေကိုလက်လှမ်းမီစွာ ဖတ်ရှုလေ့လာနိုင်စေရန်၊ ​စာဖတ်သည့်အလေ့အထများရှိလာစေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများကြွယ်ဝစရန်၊ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်‌စေရန်ရည်ရွယ်၍ ရွေ့လျား‌စာကြည့်တိုက်‌ မော်တော်ယာဥ်ဖြင့် စာအုပ်စာစောင်များအား ပြည်သူများလက်ဝယ်အရောက်သွားရောက် ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာနနှင့် ခရိုင်စီမံကိန်းဦးစီးဌာနရုံးသို့ သွား‌ရောက်ငှားရမ်း‌ဆောင်ရွက်‌ပေးခဲ့‌​ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများအား သုတ၊ ရသစာအုပ်များကို တစ်ကြိမ်လျှင် နှစ်ပတ်ကြာအထိ ငှားရမ်းပေးပြီး၊ အသင်းဝင်ရောက်လိုသူများကိုလည်း အသင်းဝင်ကတ်ပြားများ ရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့ပေါ်ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများသို့ နေ့စဥ် နံနက် ၉ နာရီခွဲမှစတင်၍ အလှည့်ကျစနစ်ဖြင့် စာအုပ်စာ‌စောင်များလှည့်လည် ငှားရမ်း‌ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)