တန့်ယန်း ဧပြီ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ (၁၀၀)စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၆) ရပ်ကွက်သို့ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆန်စိန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းမန်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းနှင့် ဌာနဆိုင်ရာများ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်သက်နှင့် မြို့နယ်ဦးစီးမှူး ဦးအမ်ဇော်နော်တို့က ရှင်းလင်းပြသခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်ကာဆောင်ရွက်နေသည့် အမှတ်(၆)ရပ်ကွက်မှ ဒေသခံပြည်သူများအား တာဝန်ရှိသူများက ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်းနှင့် သက်ဆိုင်ရာရပ်ကွက်များအလိုက် ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)