မြစ်ကြီးနား ဧပြီ ၂၈
ကချင်ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ကချင်ပြည်နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍဦရေးနှစ် ဒေသန္တရ စီမံကိန်းဥပဒေပါ စီမံကိန်းရည်မှန်းချက်များအား တာဝန်ရှိသူများထံ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ တာဝန်ပေးအပ်မည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းပါ ရည်မှန်းချက်များကို လျာထားချက်အတိုင်း အပြည့်အဝအကောင် အထည်ဖော်နိုင်ရေး သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများအနေဖြင့် အချိတ်အဆက်မိမိ ပေါင်းစပ် ညှိနှိုင်း အကောင်အထည်ဖော်ရေး အလေးအနက်ထား မှာကြားလိုပါကြောင်း၊ ထို့အပြင် ဒေသနှင့် ပြည်သူအကျိုးစီးပွားအတွက် ပြည်နယ်၏ အရင်းအမြစ်များကို ထိရောက်အကျိုးရှိစွာ အသုံးချပြီး တိုးတက်သည့် ရလာဒ်ကောင်းများရရှိအောင် ဆောင်ရွက်ကြရေး၊ စီမံကိန်းအသုံးစရိတ်များကိုလည်း စနစ်တကျ ထိရောက်စွာစီမံခန့်ခွဲရန်၊ လုပ်ငန်းအရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီ ပြီးစီးရေး၊ မလိုအပ်သည့် အသုံးစရိတ်များကို လျှော့ချ ရန်နှင့် နိုင်ငံဘဏ္ဍာငွေများကို လေလွင့်ဆုံးရှုံးမှု မရှိစေရေး၊ တည်ဆဲဥပဒေ၊ စည်းမျဉ်း/စည်ကမ်းများ၊ အမိန့်၊ ညွှန်ကြားချက်များ လုပ်ထုံးလုပ်နည်းနှင့် အညီ တာဝန်ရှိသူများက အဆင့်ဆင့်တာဝန်ယူ ကြီးကြပ်ဆောင်ရွက်ကြရေး အလေးအနက်ထား တိုက်တွန်းလိုကြောင်း မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်အား ကချင်ပြည်နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး တာဝန်ပေးအပ်ပြီး ကချင်ပြည်နယ်အတွင်း ထုတ်လုပ်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့အတွက် သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများထံလည်းကောင်း၊ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌများဖြစ်သည့် မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်၊ ပူတာအို၊ တနိုင်း၊ ချီဖွေ ခရိုင်အုပ်ချုပ်ရေးမှူးထံလည်းကောင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ ပြည့်မီစွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တာဝန်ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးက ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအား ပြည့်မီစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရေး ရှင်းလင်းပြောကြားပြီး ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်အမ်ဂျာရော်က ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ရမည့် ကိစ္စရပ်များအားလည်းကောင်း၊ ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်ခင်လေးနွယ်က ငွေလုံးငွေရင်းစီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသန္တရစီမံကိန်း ရည်မှန်းချက်ပါ လုပ်ငန်းများအား ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ဌာနများအကြား အပြန် အလှန်ထိန်းကျောင်းမှုများနှင့် အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေး အားလုံးက ကြိုးစားကြရန် လိုကြောင်းဖြင့် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)