အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သန်လျင်မြို့ သီဟဒီပအားကစားကွင်းအား ကြည့်ရှုစစ်ဆေး

ရန်ကုန် ဧပြီ ၂၈

အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်မင်းသန်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် (၉) နာရီခွဲ အချိန်ကသန်လျင်ခရိုင် သန်လျင်မြို့နယ် ပဲခူးစုရပ်ကွက် ကျိုက်ခေါက်ဘုရားလမ်းရှိ သီဟဒီပအားကစားကွင်းသို့ ရောက်ရှိပြီး သန်လျင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်၊ သန်လျင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်ဌေး၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်မင်းထွန်း၊ သန်လျင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်လင်း၊ မြို့နယ်ယာဥ်ထိန်းတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး နေလင်းအောင်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလင်းလင်းထွန်းတို့နှင့် တွေ့ဆုံကာ သီဟဒီပအားကစားကွင်းရှိ ဘောလုံးအားကစားကွင်း၊ ရေကူးကန်၊ (က) အဆင့် အားကစားရုံ၊ (ခ) အဆင့် ကြက်တောင်အားကစားရုံ၊ ဖူဆယ်ဘောလုံးအားကစားရုံတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးမှ အားကစားရုံအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ