ကျွန်းစုမြို့၌ ယခုနှစ်မိုးရာသီအတွင်း စိုက်ပျိုးခဲ့သော မိုးစပါးစံကွက်များ ရိတ်သိမ်း
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ယခုနှစ်မိုးရွာသီအတွင်း စိုက်ပျိုးခဲ့သော မောင်းလှော်ကျေးရွာရှိ ကွင်းအမှတ်(၃၀၈/၆၉၀)၊ ဦးပိုင်အမှတ် (၇၉/၃) တောင်သူ ဦးမြင့်အောင်၏ မိုးစပါးစိုက်ဧက (၄)ဧကအား အောက်တိုဘာလ ၂၆ ရက်နေ့ ညနေပိုင်းက မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။