ချောင်းဆုံမြို့နယ်၌ ရက်၁၀၀ စီမံချက်ဖြင့် မွေးမြူရေးပညာပေး သင်တန်းဖွင့်လှစ်

ချောင်းဆုံ  ဧပြီ  ၂၈

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်း ဝင်ငွေတိုးစေရန်အတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ရက် ၁၀၀ စီမံချက်ဖြင့် ဧပြီလ ၂၈ ရက်နေ့က ကုလာဘီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် မွေးမြူရေးပညာပေးသင်တန်းကို ဖွင့်လှစ်‌ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် မွေးမြူရေးပညာပေးခြင်းနှင့် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအနေဖြင့် ခွေးရူးရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေး စသည်တို့ကို အသိပညာပေး ဟောပြောခြင်း၊ စက်၊စိုက်၊မွေး ကျောင်းများတွင် ကျောင်းသား၊ကျောင်းသူများ တက်ရောက်သင်ကြားနိုင်ရေး အသိပေးဟောပြောခြင်းမျာကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာနွှဲနွှဲရီနှင့်တာဝန်ရှိသူတစ်ဦးတို့မှ နည်းပြများအဖြစ်ဆောင်ရွက်ကာ သင်တန်းသား၊သင်တန်းသူ (၁၅)ဦးတို့အား  ဧပြီ၂၇ ရက်နေ့မှ ၂၈ ရက်နေ့ အထိ ၂ ရက်ကြာ ပို့ချခဲ့ကြောင်းနှင့် ကျန်ရှိသည့် ကျေးရွာများတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)