အမြို့မြို့အနယ်နယ်သတင်းများ

မြိတ်မြို့ သားဖွားသင်တန်းကျောင်းတွင် ဘက်စုံသားဖွားဒီပလိုမာ အပတ်စဉ်(၁၃) သင်တန်းသူများအား  ဦးဆောင်းအပ်နှင်းပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သားဖွား သင်တန်းကျောင်း၌ ဘက်စုံသားဖွားဒီပလိုမာ အပတ်စဉ်(၁၃) သင်တန်းသူများအား ဦးဆောင်းအပ်နှင်းပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက အဆိုပါ သင်တန်းကျောင်း ပုလဲဧကရီခန်းမတွင် ကျင်းပသည်။

ပြင်ဦးလွင်မြို့နယ်၌ အသိပညာပေးဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် မန္တလေးတိုင်းဒေသကြီး၊ အစား အသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနခွဲမှတာဝန်ရှိသူများ၊ပြင်ဦးလွင်ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ ပြင်ဦးလွင်မြို့နယ် သစ်သီးယိုစုံနှင့်ဝိုင်လုပ်ငန်းရှင်များအား ၎င်းတို့၏ထုတ်ကုန်များနှင့်ပတ်သက်၍ ကောင်းမွန်သော သန့်ရှင်းမှုကျင့်စဉ်နှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် အစားအသောက် ထပ်ဖြည့်ပစ္စည်းများ မှန်ကန်စွာသုံးစွဲနိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့  နံနက်၁၀နာရီက  ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ

ရခိုင်ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

စဉ့်ကိုင်မြို့နယ်၌ ပျားမွေးမြူရေး ပြည်သူအသိပညာပေးသင်တန်းဖွင့်လှစ်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ (စဉ့်ကိုင်မြို့နယ်တာဝန်ခံရုံး)မှ ရက်(၁၀၀)စီမံချက်ဖြင့် ပျားမွေးမြူရေး ပြည်သူအသိပညာပေးသင်တန်းကို ဧပြီ ၂၈ ရက်‌ နံနက် ၁၁ နာရီက စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။

ကော့သောင်းမြို့တွင် ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား‌နှင့် UID ကတ်ပြားများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ် ရွှေဟင်္သာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များအပေါ် သစ်ပင်များလဲကျခြင်း၊ အမိုးများလန်ထွက်ခြင်းတို့ကြောင့် ပျက်စီးခဲ့

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ်အတွင်း ဧပြီ ၂၈ ရက် ညနေ ၃ နာရီခွဲခန့်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာအချို့တို့တွင် နေအိမ်များအပေါ်  သစ်ပင်များလဲကျခြင်း၊ အမိုးများ လန်ခြင်း၊ စာသင်ဆောင် တစ်ဆောင်အမိုးလန်  ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးလှကြွယ် ချမ်းမြသာစည်မြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးလှကြွယ်သည် လွှတ်တော်ကိုယ်စားလှယ်များ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွှဲပိုင်းက ချမ်းမြသာစည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပုသိမ်ကြီးမြို့နယ်အတွင်းရှိ  နွေစပါးစိုက် တောင်သူများထံသို့ ယူရီးယားဓာတ်မြေဩဇာများကို အထူးသက်သာသော ဈေးနှုန်းဖြင့် တိုက်ရိုက်ဖြန့်ဖြူးရောင်းချ

စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူး‌ပေါင်း ကျင်းပသည့် နွေစပါးစိုက် တောင်သူများထံသို့ ယူရီးယားဓာတ်မြေဩဇာများ အထူးသက်သာသော ဈေးနှုန်းဖြင့် ရောင်းချပွဲကိုမန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊  နန္ဒာတောင်ကျေးရွာ၊ နည်းပညာပြန့်ပွားရေး စင်တာအမှတ်(၂) မြနန္ဒာရှေ့တန်းစခန်း ကွင်းအမှတ် ၄၅၀ တွင် ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ပျော်ဘွယ်မြို့နယ်ရှိ သမဝါယမအသင်းသား ဝါသီးနှံစိုက်တောင်သူများအားတွေ့ဆုံ၍ သွင်းအားစုများပေးအပ်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် သက်ဆိုင်ရာတာဝန် ရှိသူများလိုက်ပါလျက် ပျော်ဘွယ်မြို့နယ်၊ ဂွေးဇီးကျေးရွာအုပ်စုအတွင်း စိုက်ပျိုးထားသော ဝါသီးနှံစိုက်ခင်းများသို့ ရောက်ရှိကာ သမဝါယမအသင်းသား ဝါစိုက်ပျိုးနေသောတောင်သူများနှင့်တွေ့ဆုံ၍ သွင်းအားစုများပေးအပ်ခြင်းကို ဧပြီလ ၂၈ ရက်၊ ညနေ ၄ နာရီက အဆိုပါကျေးရွာအနီး ဝါစိုက်ခင်းတွင်ဆောင်ရွက်သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦး ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂  နာရီ ကထားဝယ်မြို့၊တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ