ကော့သောင်းမြို့တွင် ပညာရေးအထောက်အကူပြုဖောင်ဒေးရှင်းမှ နိုင်ငံတော်အဆင့် လူရည်ချွန်များနှင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား ထူးချွန်ဆုချီးမြှင့်ပွဲကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ပညာရေးအထောက်အကူပြု ဖောင်ဒေးရှင်း(ကော့သောင်း)မှ နိုင်ငံတော်အဆင့်လူရည်ချွန်များနှင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့မဉ္ဇူသကခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။