မြိတ်ခရိုင်တွင် ဆောင်းသီးနှံစိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား မျိုးကောင်း၊ မျိုးသန့်မျိုးစေ့များ ပေးအပ်ပွဲနှင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းတွင် မျိုးကွဲနှုတ်ပယ်ခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်တွင် ဆောင်းသီးနှံ (မတ်ပဲ၊ မြေပဲ၊ နှမ်း၊ နေကြာ၊ အစေ့ထုတ်ပြောင်း) စိုက်ပျိုးမည့် အကျိုးဆောင် တောင်သူများအား မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များ ပေးအပ်ပွဲနှင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းတွင် မျိုးကွဲနှုတ်ပယ်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန နည်းပညာပြန့်ပွားရေးစင်တာတွင် ကျင်းပသည်။