ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး တက်ရောက်

လှိုင်သာယာ(အနောက်) မေ ၁

ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်သည့် (၂၀၂၆)ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စုပေါင်းရုံး၊ မြို့နယ်ခန်းမတွင် ပြုလုပ်ရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနှင့် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ လူမှုဖူလုံရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ်၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ UMFCCIမှ ညွှန်ကြားရေးမှူးချုပ် CTUM ဥက္ကဋ္ဌတို့နှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စက်ရုံ / အလုပ်ရုံများမှ အလုပ်သမားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတမှ ပေးပို့သည့် ၂၀၂၆ ခုနှစ်၊ အပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနား သဝဏ်လွှာကို ဖတ်ကြားသည်။

ထို့နောက် အလုပ်သမားရေးရာဆောင်ရွက်ချက်များအား Video Clip  ဖြင့် ပြသပေးသည်။

ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်(CTUM)ဥက္ကဋ္ဌ ဦးသောင်းညွန့်က ဆွေးနွေးတင်ပြခြင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်အသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ် နှုတ်ခွန်းဆက်စကားပြောသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကြပြီး၊ အခမ်းအနားသို့တက်ရောက်လာကြသည့် စက်ရုံ/ အလုပ်ရုံများမှ အလုပ်သမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အလုပ်သမားရေးရာလုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများ ပြသထားရှိမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)