အမြို့မြို့အနယ်နယ်သတင်းများ

ပြင်ဦးလွင်မြို့နယ်၌ Cherry Trail Run 2026 (Pyin Oo Lwin) ပြိုင်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် RUNderful Myanmar Group (Yangon) ၊ MARS Running Group (Mandalay)နှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အားကစားသမားဟောင်းများ လူမှုရေးအသင်းတို့ ပူးပေါင်းကျင်းပသည့် Cherry Trail Run 2026 (Pyin Oo Lwin)  ပြိုင်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၅ နာရီ ၃၀ အချိန်က အမျိုးသားကန်တော်ကြီးဥယျာဉ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရဝမ်အမျိုးသားဥယျာဉ် ခရန်ခူးခန်းမ၌ ရဝမ်လူမျိုးများ၏ ရိုးရာအကသင်တန်းဆင်း

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းက ကြီးမှူးဖွင့်လှစ်သော ရဝမ်လူမျိုးများ၏ရှေးဟောင်းအနုပညာ ရိုးရာအကသင်တန်းဆင်းပွဲအခမ်းအနားကို မေ (၂) ရက် နံနက် (၁၁) နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဥယျာဉ် ခရန်ခူးခန်းမ၌ကျင်းပသည်။

ပေါင်မြို့နယ်၌ တောင်သူဒူးရင်းစိုက်ပျိုးနည်း ပညာပေးဆွေးနွေးပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ တောင်သူဒူးရင်းစိုက်ပျိုးနည်း ပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက နတ်ကြီးချောင်ကျေးရွာ၌ပြုလုပ်ခဲ့ရာ ဒေါက်တာ မောင်မောင်မြင့် (ဒု-ပါမောက္ခချုပ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်(ငြိမ်း)၊ ဒေါက်တာမာမာကြူ ပါမောက္ခ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်(ငြိမ်း)၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလှမိုးအောင်၊ ဒုတိယပြည်နယ်ဦးစီးမှူးများဖြစ်ကြ‌သော ဦးမျိုးမင်းထွန်းနှင့် ဦးဆန်းထွန်းဝင်း၊ ခရိုင်ဦးစီးမှူး ဦးညီညီထွန်း၊ မြို့နယ်ဦးစီးမှူး ဦးကျော်စွာလှိုင်နှင့် ဝန်ထမ်းများနှင့် ဒူးရင်းစိုက်တောင်သူ (၂၁)ဦး တက်ရောက်ခဲ့ကြသည်။

အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်တွင် ရက် (၁ဝဝ) စီမံချက်ဖြင့် နိုင်ငံသားစိစစ်​ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အင်းစိန်မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်​ရေးကတ်များကို ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေး​ခဲ့ကြောင်း သိရသည်။

အမရပူရမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် တိရစ္ဆာန်ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာ သူဇာမြင့် ဦးဆောင်သောအဖွဲ့သည် ယမန်နေ့နံနက် (၉)နာရီအချိန်က ရက်(၁၀၀)စီမံချက် ဆောင်ရွက်မှုအနေဖြင့် တိရစ္ဆာန်ကာကွယ်ဆေးများကို ကွင်းဆင်းကုသပေးလျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးကိုလေး မုံရွာမြို့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် မုံရွာမြို့ရှိ ပုဂ္ဂလိကဆေးရုံများ၊ ကမ်းနားလမ်းသာယာရေးနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်

စစ်ကိင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် မေလ ၂ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်မှ အေးသာယာရပ်ကွက်အထိ ချင်းတွင်းမြစ်ရိုးတစ်လျှောက် ရေထိန်းတာရိုးများ ကြံ့ခိုင်မှုရှိစေရေး၊ မြစ်ရေကြီးချိန်တွင် ရေကြီးရေလျှံမှုများမဖြစ်ပေါ်ရေး၊ ကမ်းနားလမ်း တစ်လျှောက်ပတ်ဝန်းကျင် အမြဲသန့်ရှင်းသပ်ရပ်စေရေး၊ တာရိုးများပေါ်ရှိ ကွန်ကရစ် လျှောက်လမ်းများ ကောင်းမွန်စေပြီး မြို့နေပြည်သူများ လမ်းလျှောက် အပန်းဖြေ ပြုလုပ်နိုင်ရေးနှင့် လျှပ်စစ်မီးတိုင်များ၊ ခုံများနှင့် ပန်းအလှပင်များ ပြန်လည်ပြု ပြင်ဆောင်ရွက် သွားရေးတို့အား တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဘားအံမြို့၌ အမှန်တကယ် စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏ (အခွန်လွတ်) တောင်သူလယ်သမားဈေး ဖွင့်လှစ်ရောင်းချ

ကရင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ၎င်းတို့ကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အားပေးမြှင့်တင်နိုင်ရန် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ၎င်းထုတ်ကုန်များကို သက်သာသောနှုန်းထားများဖြင့် စားသုံးသူလက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိစေရေးအတွက် ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့ သီရိကွင်းတွင် အမှန်တကယ်စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများ၏ (အခွန်လွတ်) တောင်သူလယ်သမားဈေးကို ဖွင့်လှစ်ရောင်းချခဲ့သည်။

သထုံမြို့နယ်၊ ထိန်ပင်ကျေးရွာ၌ ရက် (၁၀၀) စီမံချက်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦစီးဌာန၏ ရက် (၁၀၀) စီမံချက်ဖြင့် ကျန်းမာရေးအသိပညာပေးခြင်း စစ်ဆေးကုသပေးခြင်းစသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကွင်း‌ဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက သထုံမြို့နယ်၊ ထိန်ပင်ကျေးရွာ၌ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ အထူးကုဆရာဝန်ကြီးများက နိုင်ငံ့ဝန်ထမ်းများ အခမဲ့ကွင်းဆင်းဆေးကုသပေးနေမှုကို ကြည့်ရှုအားပေး၊ အာဟာရဖြည့်အစားအစာများထောက်ပံ့

ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ချင်းပြည်နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ဟားခါး ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများက မေလ ၂ ရက်နေ့ နံနက် ၉ နာရီတွင် ဟားခါးခရိုင်စုပေါင်းရုံး၌ နိုင်ငံ့ဝန်ထမ်းများ အခမဲ့ကွင်းဆင်းဆေးကုသပေး ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာအသီးသီးမှ နိုင်ငံ့ဝန်ထမ်း (၂၂၂) ဦးကို အခမဲ့ကျန်းမာရေးစစ်ဆေးပေး၍ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

လွိုင်လင်မြို့ အ.ထ.က(၃)ကျောင်း၌ ကျောင်းသား/ကျောင်းသူဟောင်းများ၏ ဒုတိယအကြိမ် အာစရိယပူဇော်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ အ.ထ.က(၃)ကျောင်း၌ ကျောင်းသား/ကျောင်းသူဟောင်းများ၏ ဒုတိယအကြိမ် အာစရိယပူဇော်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပပါသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ