မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနေမှု ကြည့်ရှုအားပေး
မကွေးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ် ကိုင်ဆောင်နိုင်စေရန်အတွက် မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန တာဝန်ရှိသူများက အစိုးရအသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက မကွေးမြို့၊ မြင်သာရက်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ပေးရာ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးသည်။