အမြို့မြို့အနယ်နယ်သတင်းများ

ရန်ကုန်မြို့၌ လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများ သင်တန်းဖွင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ လက်မှတ်ရပိုးသတ်ဆေးသုံးစွဲ သူများ သင်တန်းအမှတ်စဉ်(၂/၂၀၂၅) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ (၉)မိုင်ဝင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဂန့်ဂေါမြို့ မြို့မဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ မြို့မဈေးတွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိ မှုအခြေအနေများကို ယနေ့နံနက် ၉ နာရီက ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်နှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၁၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတက်ရောက်

၂၀၂၅ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပ ပြုလုပ်သော (၁၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာအခမ်း အနားကို အောကိတိုဘာ ၃၀ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်ဧည့်ပရိသတ်များ တက်ရောက်ခဲ့သည်။

ဂန့်ဂေါမြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် တတိယအကြိမ်မြောက် အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းနေအရွယ် ကလေးများအားလုံး အာဟာရပြည့်ဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်ကောင်းများ စွဲမြဲစွာကျင့်သုံးတတ်စေရန်ရည်ရွယ်၍ ဂန့်ဂေါမြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၁နာရီအချိန်က ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(မြောက်ကုန်း)တွင်  KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်း ကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် တတိယအကြိမ်မြောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄-၂၀၂၅ တက္ကသိုလ်ပညာသင်နှစ် တပ်ဖွဲ့ဝင်များ မိုးရာသီစခန်းချလေ့ကျင့်ရေး သင်တန်း‌ဆင်းပွဲအခမ်းအနား တက်ရောက်

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့် နယ်ခြား‌တပ်များ ညွှန်ကြားရေးမှူးရုံး၊ အမှတ်(၃)တက္ကသိုလ်လေ့ကျင့်ရေးတပ်၊ ၂၀၂၄-၂၀၂၅ တက္ကသိုလ်ပညာသင်နှစ် တပ်ဖွဲ့ဝင်များ မိုးရာသီစခန်းချ လေ့ကျင့်ရေးသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ချောင်းဆုံမြို့နယ်၊ အမှတ်(၆)တိုက်ပွဲဝင်စည်းရုံးရေး သင်တန်းကျောင်း၊ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်းရှိ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများကို သင့်လျော်ကိုက်ညီသော စစ်ပညာများ သင်ကြားတတ်မြောက်ပြီး စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်‌စေရန်နှင့် ကျန်းမာကြံ့ခိုင်မှု ရှိစေရန်အတွက် စစ်ပညာကို လေ့ကျင့်သင်ကြားပေးပြီး နောင်တစ်ချိန်မှာ နိုင်ငံတော်အတွက် အရန်အင်အားစုတစ်ခု တည်ဆောက်ရန်ရည်ရွယ်၍ သင်တန်းဖွင့်ရခြင်း ဖြစ်ကြောင်း၊ ယခုသင်တန်းသည် နောင်တစ်ချိန်မှာ တပ်မတော်သို့ ဝင်ရောက် တာဝန်ထမ်းဆောင်လိုသူ တပ်ဖွဲ့ဝင်များအတွက် အခြေခံကောင်း၊ အထောက်အကူကောင်းတစ်ခုဖြစ်သလို နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသားကောင်းများပေါ်ထွန်းလာမှာဖြစ်ကြောင်း၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများဟာ တက္ကသိုလ်လေ့ကျင့်ရေးတပ်၊ တပ်ဖွဲ့ဝင်များဖြစ်တဲ့အတွက် နိုင်ငံတော်ကာကွယ်ရေးအတွက် နိုးကြားတက်ကြွစွာဖြင့် စစ်ပညာများကို ဆက်လက်ပြီးလေ့လာ၊ လေ့ကျင့်၊ လိုက်နာပြီး သင်ယူသွားကြရန်နှင့် ပြည်သူလူထုရဲ့အားကိုး ယုံကြည်မှုကို ရရှိအောင်နေထိုင်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ကျိုက်မရော မြို့နယ်၌ ကျေးလက်လမ်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား မော်လမြိုင် လက်ထောက်ညွှန်ကြားရေးမှူး (မြို့မ)နှင့် တာဝန်ရှိသူများက အောက်တိုဘာ ၂၈ ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။

ဘီးလင်းမြို့နယ်တွင် ခရိုင်အဆင့် Clean and Green ကျောင်းများ ပြင်ဆင်ထားမှုများအား ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ ခရိုင်အဆင့် Clean and Green ကျောင်းများ ပြင်ဆင်ထားမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်းကို အောက်တိုဘာ ၂၈ ရက်နေ့ မွန်းလွဲပိုင်းမှစတင်ကာ အခြေခံပညာ ကျောင်း(၃)ကျောင်းသို့ တာဝန်ရှိသူများက သွားရောက်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်ရှိ မြန်မာ့စိန်လင်းသစ်ခွဲသားစက်ရုံအား မီး​​ဘေးလုံခြုံရေးစစ်‌ဆေး​

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ စက်ရုံအလုပ်ရုံများ မီးဘေးလုံခြုံ​ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ​အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက မော်လမြိုင်​-ရေး ကားလမ်း​ပေါ်ရှိ ဝဲကလိ​ကျေးရွာ မြန်မာ့စိန်လင်းသစ်ခွဲသားစက်ရုံအား သွား​ရောက်စစ်​ဆေးသည်။

အမှတ်(၁)တက္ကသိုလ်လေ့ကျင့်ရေးတပ် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ပညာသင်နှစ်၊ တပ်ဖွဲ့ဝင်များ မိုးရာသီစခန်းချ လေ့ကျင့်ရေးသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ

ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များ ညွန်ကြားရေးမှူးရုံး ကွပ်ကဲမှု အောက် အမှတ်(၁)တက္ကသိုလ်လေ့ကျင့်ရေးတပ် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ပညာသင်နှစ်၊ တက္ကသိုလ်များ (ရန်ကုန်)ရှိ တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ တပ်မတော်အုပ်ချုပ်မှုကျောင်း(မှော်ဘီ)တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့် စစ်ဖက်/နယ်ဖက်မှ တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမ များနှင့် သင်တန်းသား ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။     

မြိတ်မြို့တွင် (၉၅)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲတော် စတင်ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကန်ဖျားရပ်ကွက် ဘုရားငါးဆူကွင်းတွင် (၉၅) ကြိမ်မြောက် နှစ်ကျိပ် ရှစ်ဆူဘုရားပူဇော်ပွဲတော်ကို ဗုဒ္ဓဘာသာအသင်းကြီးမှ ကြီးမှူး၍ အောက်တိုဘာ (၃၀) ရက် ညနေပိုင်းမှစတင်ကာ   အစဉ်အလာမပျက် စတင်ကျင်းပသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ