အမြို့မြို့အနယ်နယ်သတင်းများ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ကျောင်းကုန်းမြို့ အ.ထ.က(လှည်းဆိပ်) ကျောင်းဆောင်သစ်ဖွင့်ပွဲ တက်ရောက်ချီးမြှင့်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ လှည်းဆိပ်အုပ်စု၊ လှည်းဆိပ်စံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (၂)ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို မတ် ၅ ရက်နေ့နံနက် ၈ နာရီအချိန်ခန့်က ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့် လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ လမ်းပန်းဆက်‌သွယ်ရေးဝန်ကြီး ဦးအောင်ဆန်းချစ် တိုင်းဒေသကြီးပညာရေးမှူးရုံး (စီမံ/ဘဏ္ဍာ) ဦးနိုင်ဝင်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။

ညောင်တုန်းမြို့နယ်၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ မြေစိုက်ပိုစတာဗီနိုင်းဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ မြေစိုက်ပိုစတာဗီနိုင်းဆိုင်းဘုတ် စိုက်ထူပွဲအခမ်းအနားကို အမှတ် (၃) ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာနရုံးရှေ့၌ ပြုလုပ်ခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ မြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပေးပြောကြားခြင်း၊ လိုက်လံစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့သည်။

ဓနုဖြူမြို့နယ်တွင် ကမ္ဘာ့စားသုံးသူ အခွင့်‌အရေးများနေ့ အထိမ်းအမှတ် “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝ” မြေစိုက်ပိုစတာစိုက်ထူ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားသုံးသူ အခွင့်‌အရေးများနေ့ အထိမ်းအမှတ် "ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချစားသုံးသူဘဝ"မြေစိုက်ပိုစတာစိုက်ထူပွဲကို ယနေ့ မတ်လ ၆ ရက်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၈)ရပ်ကွက်၊ နာရီစဥ်အနီးလမ်းဆုံ၌ စိုက်ထူခဲ့သည်။

ကျွန်းလှမြို့နယ်၌ ဆီထွက်သီးနှံ ဆောင်းမြေပဲ စိုက်ဧကအားလုံးရိတ်သိမ်းပြီး ၁၀၇၂၂၂၁ တင်းထွက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် ဆောင်းရာသီ၌ စိုက်ပျိုးသော မြေပဲစိုက်ဧကအားလုံးရိတ်သိမ်းပြီး ၁၀၇၂၂၂၁ တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

၂၀၂၆ ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်ဆိုင်းဘုတ်စိုက်ထူခြင်း

၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့ World Consumer Rights Day ကို ဂုဏ်ပြုသောအားဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ စားသုံးသူအသိပညာပေး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် အသိပညာပေးစစ်‌ဆေးခြင်းနှင့် မီးငြိမ်းသတ်ရေးလေ့ကျင့်ခြင်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် အသိပညာပေးဆောင်ရွက်ခြင်းနှင့် မီးငြိမ်းသတ်ရေးလေ့ကျင့်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တာ၀န်ရှိသူများက စက်မှုဇုန်များ၊ နေအိမ်များ၊ ဈေးများအား အသိပညာပေး စစ်ဆေးကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်း မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် နယ်မြေ ၁/ အရှေ့ရပ်ကွက်အတွင်း မြစ်ကြီးနား-မန်ခိန်သွား ကားလမ်းမဘေးရှိ ကောင်းမြန်မာလွင်ကုမ္ပဏီပိုင် ခြံဝန်းအတွင်း မတ် ၅ ရက် ည ၈ နာရီခွဲခန့်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ခြံစောင့်နေအိမ်တစ်လုံးအပါအဝင် ခြံဝင်းအတွင်း ဖွင့်လှစ်ထားသော စားသောက်ဆိုင် တစ်ဆိုင်၊ ကားနှစ်စီး၊ ဆိုင်ကယ် ၃ စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မင်းဘူး-မကွေးသဲသောင်ပြင်ကျွန်းထဲတွင် အပန်းဖြေသူ၊ ညနေဆည်းဆာအလှအပ ခံစားသူများဖြင့် စည်ကား

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး-မကွေး သဲသောင်ပြင် ကျွန်းထဲ၌ ညနေပိုင်းများ၌ ကမ်းစပ်တွင် အနားယူအပန်းဖြေသူ၊ ညနေဆည်းဆာအလှအပခံစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

(၇၆)နှစ်​ မြောက် (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုပေးပွဲ ဒုတိယနေ့ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)မှ ကျင်းပပြုလုပ်သည့် (၇၆)ကြိမ်မြောက် ၃၈ ဖြာမင်္ဂလာ တရားတော်နှင့် ဗုဒ္ဓဝင်ဆိုင်ရာစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား  ဆုချီးမြှင့်ခြင်းအခမ်းအနားကို မတ်လ ၅ ရက် နေ့လယ် ၁ နာရီက ကျိုက်မရောမြို့ ဇေတဝန်ကျောင်းတိုက်၌ ကျင်းပသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ