ကျောက်မဲမြို့နယ်အတွင်း ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားကတ်နှင့် UID ထုတ်ပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကျောက်မဲ မေ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အစိုးရသစ်၏ ရက်(၁၀၀)လမင်းစီမံချက်အရ ဒေသခံပြည်သူများ နိုင်ငံသားအခွင့်အရေး ရရှိစေရန်အတွက် အသက်(၁၀)နှစ်ပြည့်နှင့် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းနှင့် Biometric UID ဇီဝအချက်အလက် ကောက်ယူခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၈)ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ထမ်းများက ကွင်းဆင်းစိစစ်ဆောင်ရွက်ပေးနေမှုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်ဇော်နှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါစီမံချက်ကို ၂၀၂၆ ခုနှစ် ဧပြီ (၂၀)ရက်မှ ဇူလိုင် (၃၁)ရက်အထိ သတ်မှတ်ကာလအတွင်း မြို့ပေါ်ရပ်ကွက် (၉)ရပ်ကွက်နှင့်  ကျေးရွာအုပ်စု (၆)အုပ်စုတို့တွင် စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး  ကွင်းဆင်းရန်ခက်ခဲသည့် ဒေသများမှ ပြည်သူများကိုလည်း မြို့နယ်ဦးစီးမှူးရုံး၌ ဖိတ်ခေါ်၍ ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။ စီမံချက်စတင်ချိန်မှ ယနေ့အထိ ရပ်ကွက်ပေါင်း (၆)ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ အသက်(၁၀)နှစ်ပြည့် (၃၈၂)ဦး၊ အသက်(၁၈)နှစ်ပြည့် (၁၀)ဦးနှင့် UID ဇီဝအချက်အလက်ဆောင်ရွက်သူ (၈၀၆)ဦးတို့အား နိုင်ငံသားအခွင့်အရေးနှင့် အထောက်အထားများ ချီးမြှင့်ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)