ပြင်ဦးလွင်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် မြေငှားဂရန်ထုတ်ပေးနိုင်ရေး မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်း အခမ်းအနားကျင်းပ

ပြင်ဦးလွင် မေ ၃

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် မြေငှားဂရန်ထုတ်ပေးနိုင်ရေး မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပိန္နဲကုန်းကျေးရွာအုပ်စု၊ အင်းကြီးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးက ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်‌အောင်လွင်က ကျေးရွာ မြေငှားဂရန် ထုတ်ပေးနိုင်ရေးနှင့်ပတ်သက်၍ ဖြည့်စွက်‌ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦး၀င်းဇော်၊ ဦးမျိုးမြင့်နှင့် ဦးပိုအေးတို့မှ မိတ်ဆက်စကားပြောကြားပြီး ကျေးရွာမြေငှား ဂရန်ထုတ်ပေးနိုင်ရေးနှင့်ပတ်သက်၍ ထပ်မံ ဖြည့်စွက်ပြောကြားပြီးနောက် တက်ရောက်လာသော ဒေသခံပြည်သူများမှ သိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ရာ တာ၀န်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့သည်။ ထို့နောက် ပြင်ဦးလွင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

သွေးသွေး(ခရိုင်/ပြန်ဆက်)