ဝမ်းတွင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်း လုပ်ငန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဝမ်းတွင်း မေ ၃

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း လုပ်ငန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်ထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြင့်သိန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်ထည်ဖော်ရေးကော်မတီအတွင်းရေးမှူး ဒေါ်ယင်းမာက စီမံကိန်းလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်ပြီး မြို့နယ်စီမံကိန်းရေးဆွဲ အကောင်ထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြင့်သိန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်သိန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦး၊ မြို့နယ်စီမံကိန်း ရေးဆွဲအကောင်ထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ဒေါ်ယင်းမာနှင့် တာဝန်ရှိသူများက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း လုပ်ငန်းတာဝန်များအား သက်ဆိုင်ရာ ဌာနများအား ပေးအပ်ခဲ့ကြသည်။

အဆိုပါ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်း လုပ်ငန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားသို့  မြို့နယ်စီမံကိန်းရေးဆွဲ အကောင်ထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြင့်သိန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်သိန်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဦး၊ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်ထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ဒေါ်ယင်းမာနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဌေးလှိုင် (ဝမ်းတွင်း)