သန်လျင်မြို့နယ်၌ မိုးရွာသွန်းပြီး လေဆင်နှာမောင်း တိုက်ခတ်မှုဖြစ်ပွား
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ နိုဝင်ဘာ ၁ ရက်နေ့ နံနက် (၉) နာရီ (၄၅)အချိန်က ညောင်သုံးပင်ကျေးရွာ၊ သနပ္ပင်သွားလမ်း၊ ကွင်းအမှတ်(၆၈၃/က)ကွင်းတွင် မိုးရွာသွန်းပြီး လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် မဟာနန်းတော် ဆိတ်ခြံ၊ အေဝမ်းနွားခြံနှင့် ဦးမောင်သိန်းဆိတ်ခြံ အဆောက်အဦ ခေါင်မိုးများ ပျက်စီးခဲ့ကြောင်း သိရသည်။