ကရင်ပြည်နယ်ဝန်ကြီးချုပ် သက်မွေးလုပ်ငန်းပညာသင်တန်းများနှင့် AI နည်းပညာအသုံးချမှုသင်တန်းများဖွင့်ပွဲတက်ရောက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ဘားအံ) အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁၂)နှင့်ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းအမှတ်စဉ်(၅) သင်တန်းများဖွင့်ပွဲကို မေ ၄ ရက် နံနက် ၈ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။