အမြို့မြို့အနယ်နယ်သတင်းများ

ကျိုင်းတုံမြို့၌ နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျိုင်းတုံခရိုင်/ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် ၃၄ ဦး သည် မေ ၄ ရက်က ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ် (၃) တပ်မတော်ဆေးရုံခုတင် (၃၀၀) ၌ စုပေါင်းသွေးလှူဒါန်းကြသည်။

ပခုက္ကူမြို့နယ် မီးသတ်ဦးစီးဌာန၏ သက်ကြီးပူဇော်ပွဲ ကျင်းပ

၂၀၂၆ခုနှစ်၊ မေလ၅ရက်နေ့တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၈ နာရီအချိန်က ပခုက္ကူမြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ သက်ကြီးပူဇော်ပွဲ ကျင်းပပြုလုပ်သည်။

ကွန်ဟိန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင်၊ကွန်ဟိန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းအား ယနေ့နံနက်(၈:၀၀)နာရီက စတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာန တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

မိုင်းပန်မြို့နယ်၌ နွေရာသီ တပင်တိုင်အက၊ ကဗျာလွတ်အက၊ ရှမ်းတိုင်းရင်းသားအကသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် နွေရာသီ တပင်တိုင်အက၊ ကဗျာလွတ်အက၊ ရှမ်းတိုင်းရင်းသားအကသင်တန်းကို မြို့နယ်အခြေခံပညာအထက်တန်းကျောင်း (မိုင်းပန်) ၌ ယမန်နေ့ နံနက် ၉ နာရီက ဖွင့်လှစ်ခဲသည်။

ကော့မှူးမြို့နယ်တွင် အဆင့်မြှင့်ပန်းချီ၊ ဂျပန်စကားပြောသင်တန်းဆင်းပွဲ ကျင်းပ

ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အဆင့်မြှင့်ပန်းချီ၊ ဂျပန်စကားပြော သင်တန်းဆင်းပွဲ နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ Pilot Project အစီအစဉ်ဖြင့် Football For School Program အရ ဖွင့်လှစ်သည့် ဘောလုံးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ Pilot Project အစီအစဉ်ဖြင့် Football For School Program အရ ဖွင့်လှစ်သည့် ဘောလုံးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ MFF Futsal Stadium ၊ သုဝဏ္ဏတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဝင်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပန်းတောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်က မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရေကြည်မြို့နယ်၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တောင်သူနည်းပညာပြန့်ပွားရေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် တောင်သူနည်းပညာပြန့်ပွားရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၈) နာရီအချိန်က ကွင်းသုံးဆင့် ကျေးရွာအုပ်စု သပြေကွင်းကျေးရွာ မိုးကောင်းဓမ္မာရုံတွင် ကျင်းပခဲ့သည်။

တိုက်ပွဲဝင်စည်းရုံးရေး(ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ အဆင့်နှင့် လျော်ညီတဲတပ်တွင်း/တပ်ပြင် စည်းရုံးရေးလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး၊ စည်းကမ်းနှင့်ကိုယ့်ကျင့်သိက္ခာကို စောင့်ထိန်းတတ်စေရန်နှင့် ပြည်သူလူထုကိုဥပဒေနဲ့အညီအလုပ်အကျွေးပြုကာကွယ်စောင့်ရှောက်တတ်သော တပ်ဖွဲ့ဝင်စည်းရုံးရေးမှူးကောင်းများဖြစ်လာစေရေးတို့အတွက် ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ရဲတပ်ဖွဲ့၊ တိုက်ပွဲဝင်စည်းရုံးရေး(ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ