အမြို့မြို့အနယ်နယ်သတင်းများ

နမ့်စန်တွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းစည်းဝေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန် အခြေခံပညာကျောင်းများကို အခြေခံ၍ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဆောင်ရွက်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့တို့ရှိအခြေခံပညာ ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာတွင် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည့်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ခုနှစ် ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၃၁ ရက် နံနက် ၁၁နာရီက သာကေတမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးလူငယ်စင်တာ၌ ကျင်းပသည်။

သုံးခွမြို့နယ် ဘိုးဘွားရိပ်သာတွင် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် Biometric များ ကွင်းဆင်းပြုလုပ်ပေး

လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် ဘိုးဘွားရိပ်သာတွင် ယမန်နေ့နံနက် ၉ နာရီက ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်Biometric ကောက်ယူမှု လုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်၌ လျှပ်စစ်ဓာတ်အားစနစ်ကောင်းမွန်ရေးနှင့် ဓာတ်အားပြည့်ဝစွာရရှိရေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် လျှပ်စစ်ဓာတ်အားစနစ် ကောင်းမွန်ရေးနှင့် ဓာတ်အားပြည့်ဝစွာရရှိရေး လုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများ ကြီးကြပ်၍ ဓာတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်း၊ တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လုပ်ငန်းများကို ယနေ့က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့၌ သကျမဟာမြတ်မုနိဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် မြတ်စွယ်တော် အပူဇော်ခံပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ ဇီးကုန်းကလေးရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းဘေးရှိ သကျမဟာမြတ်မုနိဘုရားကြီး၌ ဗုဒ္ဓပူဇနိယပွဲတော်နှင့် မြတ်စွယ်တော် အပူဇော်ခံပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါဘုရာကြီး သာသနာ့ ဗိမာန်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။

တိုင်းရင်းဆေးကုဌာနမှ အမှတ်(၁၀)အခြေခံပညာမူလတန်းကျောင်း၌ ကျန်းမာရေးအသိပညာပေး၊ အခမဲ့ကျန်းမာရေးစောင့်ရှောက်ဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် တိုင်းရင်းဆေးကုသရေးဦးစီးဌာနမှ အမှတ်(၁၀)အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်ပြီး ဘက်စုံထူးချွန်သူများဖြစ်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် (ဃ)ရပ်ကွက်လုံးဆိုင်ရာ (၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်၊အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ နံနက်  ၈ နာရီက (ဃ)ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမော်ကြီးဦး‌ဆောင်၍  (ဃ)ရပ်ကွက်လုံးဆိုင်ရာ (၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပခဲ့သည်။

ကျွန်းလှမြို့နယ်၌ ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ကလေးငယ်များရောဂါကင်းစင်ပြီး ကျန်းမာဖွံ့ဖြိုးစေရန်အတွက် ယနေ့နံနက်ပိုင်းက ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်ပေးလျက်ရှိသည်။

ကျောက်တန်းမြို့နယ်တွင် လူသုံးကုန်ထုတ်မှု နည်းပညာသင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ၀င်ငွေတိုးစီမံကိန်း အစီအစဥ်ဖြင့် ကျောက်တန်းမြို့နယ်တွင်၊ လူသုံးကုန်ထုတ်မှု နည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ (၃) နာရီက ကျောက်တန်းမြို့နယ်၊​ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

မိုင်းယောင်းမြို့၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်မန်းအုပ်စု၊ ဝမ်ကော်လုံးကျေးရွာ၌ ယမန်နေ့က အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ