ကျိုင်းတုံ မေ ၅
နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျိုင်းတုံခရိုင်/ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် ၃၄ ဦး သည် မေ ၄ ရက်က ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ် (၃) တပ်မတော်ဆေးရုံခုတင် (၃၀၀) ၌ စုပေါင်းသွေးလှူဒါန်းကြသည်။
ထိုသို့လှူဒါန်းမှုကို ကျိုင်းတုံမြို့၊ အမှတ် (၃) တပ်မတော်ဆေးရုံ ခုတင် (၃၀၀)၊ တပ်မှူး ဗိုလ်မှူးကြီး မင်းစိုးဦး၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောမင်းသူနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးစကားပြောကြားကာ အားဖြည့်အစားအစာများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)