အမြို့မြို့အနယ်နယ်သတင်းများ

ဘုတ်ပြင်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေး၊ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးနှင့် မီးကိုပေါ့ဆစွာ အသုံးမပြုကြရန်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလိုက်လံ နှိုးဆော်ခြင်းကို မေလ ၃ ရက် ညနေ ၆ နာရီခန့်က မြို့နယ်မီးသတ်ဦးစီးဌာနမှ မော်တော်ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်ခဲ့ကြောင်းသိရသည်။

ကျောက်ဆည်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာ Grade-10 နှင့်Grade-11 ကျောင်းတွင်းစစ်(ပြင်ပဖြေ) စာမေးပွဲများ ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာ Grade-10 နှင့်Grade-11 ကျောင်းတွင်းစစ်(ပြင်ပဖြေ) စာမေးပွဲများ ဖြေဆိုခြင်းကို မေလ ၄ ရက်နေ့ နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မိုင်းခတ်မြို့နယ်၌ လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့‌ငွေများ လွှဲ‌ပြောင်းပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ဧပြီ ၆ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသော အိမ်ထောင်စုများအား ထောက်ပံ့ငွေများ လွှဲပြာင်းပေးအပ်ပွဲကို ယနေ့မွန်းလွှဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မြိတ်မြို့တွင် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁၂)သင်တန်းဖွင့်လှစ်

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီး လူမှုစီးပွားဘဝမြှင့်တင်နိုင်စေရေး၊ စီးပွားရေး အထောက်အကူပြုအတတ်ပညာများဖြင့် အသက်မွေးဝမ်းကျောင်းပြုပြီး မိသားစုဘဝတိုးတက် မြင့်မားစေရေးအတွက် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁၂) သင်တန်းကို မေလ ၄ ရက်နေ့ နံနက်ပိုင်းက အဆိုပါ သင်တန်းကျောင်းတွင် ဖွင့်လှစ်သည်။

မင်းဘူးမြို့၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်နှင့်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များစုပေါင်း၍ ပြည်သူအကျိုးပြုလုပ်ငန်းများအဖြစ် ဘုရားရေသပ္ပါယ်ခြင်း၊ ရင်ပြင်တော်သန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မင်းဘူးမြို့ အမှတ်(၃)ရပ်ကွက်ရှိ ဓါတ်တော်ကုန်း ရှင်ပင်ချမ်းသာကြီးစေတီတော်နှင့် မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချောက်မြို့နယ်၌ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခန့်ထားနိုင်စေရေးအတွက် ရပ်ကွက်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းကြီးကြပ်မှုကော်မတီမှ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခန့်ထားနိုင်စေရေးအတွက် ရပ်ကွက်များတွင် ကြီးကြပ်ရေးအဖွဲ့(၅)ဦး ရွေးချယ်ခြင်းအား အမှတ်(၂)ရပ်ကွက် အလယ်ဓမ္မာရုံ၌ ယနေ့နံနက်(၉)နာရီအချိန် ဆောင်ရွက်သည်။

မှော်ဘီမြို့နယ်၌ ​နွေရာသီအင်္ဂလိပ်စာ SUMMER ENGLISH COURSE Graduation Ceremony သင်တန်းဆင်းပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ရပ်ကွက်ကျေးရွာစာကြည့်တိုက်များ စဉ်ဆက်မပြတ်ရှင်သန်ခိုင်မာစေရန် မော်ပီဆရာသိန်းစာကြည့်တိုက်တွင် နွေရာသီအင်္ဂလိပ်စာ SUMMER ENGLISH COURSE Graduation Ceremony သင်တန်းဆင်းပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မော်ပီဆရာသိန်းစာကြည့်တိုက်ခန်းမတွင် ကျင်းပခဲ့သည်။

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်စာဖတ်ဝိုင်း ကျင်းပ

မကွေးတိုင်း​ဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club တို့ပူးပေါင်း၍ စာရေဆရာခင်စောတင့်ရေးသားသည့် ”စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရသစာစဥ် စာအုပ်ထုတ်ဝေခြင်း လေးနှစ်ပြည့် အခမ်းအနားကျင်းပ

ရသစာစဥ် စာအုပ်ထုတ်ဝေခြင်း လေးနှစ်ပြည့်အထိမ်းအမှတ် စာရေးဆရာများ တွေ့ဆုံပွဲကို မေ ၃ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ ကျင်းပခဲ့သည်။

ကျိုင်းတုံမြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဥ် (၁၁) သင်တန်းဖွင့်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ကျိုင်းတုံ) ၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၁၁) သင်တန်းဖွင့်ပွဲကို မေလ ၄ ရက်က အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။‎      
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ